ကျွန်တော် ပန်းပင်လေးတွေ စိုက်တယ်။
ဒါပေမယ့် ပန်းတွေကို ကျွန်တော်မပိုင်ဘူး။
ပန်းလေးတွေကို အမြန်ဆုံးကြီးထွားလာဖို့  ချက်ချင်း ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။
တဖြေးဖြေးနဲ့  သူတို့ ကြီးမားသန်စွမ်းလာတာကိုပဲ အချိန်တခုထိ တယုတယစောင့်ကြည့်နေခဲ့ ရတယ်။
နံနက်ခင်းတိုင်း ရောင်နီပျိုးလို့  လင်းကြက်တွန်ချိန် ပန်းလေးတွေ
ပွင့်လန်းနေတာကို မြင်ချင်ပေမယ့် ပန်းလေးတွေ ပွင့်လန်းနိုင်အောင် ကျွန်တော်ဘာမှ မလုပ်နိုင်ခဲ့ဘူး။
မထင်မှတ်ထားတဲ့ နေ့  ရောင်နီတို့ စတင် ဖြန့်ကျက်ချိန် မှိုင်းဖျဖျ နေအလင်းရောင်အောက်မှာ ကျွန့် တော် အလှဆုံးအပြုံးတွေကို မျက်မြင်ကိုယ်တွေ့  တွေ့ လိုက်ရတယ်။
အို... ကျွန်တော့်တသက် ဒီလောက်လှတဲ့ အပြုံးကို မမြင်ဖူးဘူး။
ကြက်သီးတွေ တဖျင်းဖျင်းထပြီး ကြည်နူးစိတ်တို့  တကိုယ်လုံး လွမ်းခြုံလာတယ်။
ပန်းလေးတွေ.......
ဟုတ်တယ်..... ကျွန်တော်စိုက်ထားပေမယ့် ကျွန်တော်မပိုင်တဲ့ ပန်းလေးတွေ.....
သူတို့လေးတွေ အတောက်ပဆုံးနဲ့ အလှဆုံး အပြုံးတွေ ဆင်မြန်းပြီး ဖူးပွင့်နေကြတယ်၊။
ကမ္ဘာပေါ်မှာ သူတို့ လောက် လှပလွန်းတဲ့ 
သူတို့လောက် တောက်ပလွန်းတဲ့  အပြုံးမရှိတော့သလိုကို
သူတို့  မော်ဝင့်စွာ အပြုံးပန်းတွေ ပွင့်လန်းနေကြတယ်။
ကျွန်တော် ပန်းလေးတွေကို ချစ်တယ်။
ဒါပေမယ့် ကျွန်တော် ပန်းမပန်ဘူး။
မြန်မာဆန်ဆန်ဝတ် သနပ်ခါးလေးဘယ်ညာလိမ်းပြီး
ရှည်လျှားလှတဲ့ ကေသာထက်မှာ အတောက်ပဆုံး ပွင့်လန်းနေကြတဲ့  ပန်းလေးတွေကို ဆင်မြန်းထားတဲ့  မိန်းကလေးတယောက်ဟာ ဘယ်လောက်တောင် ကြက်သရေရှိလိုက်သလဲ။
ပန်းပန်ထားတဲ့ မိန်းကလေးတယောက်ဟာ စကားတခွန်းပြောစရာမလိုဘဲ ပုံပန်းကြည့်ရုံနဲ့ တင် ဖော်မပြနိုင်လောက်တဲ့  မာန်တမျိုး ဂုဏ်ရှိန်ဝါ တမျိုး
သူမတို့ ဆီမှာထင်ဟပ်နေတယ်။
သူမတို့ ကိုယ်ပေါ်မှာ အလှဆုံးပန်းလေးတွေရဲ့ ဂုဏ်ရောင် ထင်ဟပ်နေသလို သူမတို့ တောက်ပနေကြတယ်။
ဟက်.......ကျွန်တော့်မှာတော့ မိန်းကလေးတယောက်အတွက် တိုလွန်းလှတဲ့ နီကြောင်ကြောင် ပွတတ ဆံပင်ကိုပိုင်ဆိုင်ထားရဲ့ ။
ထန်းပင်လို ရှည်လွန်းလှတဲ့ အရပ်နဲ့ 
ပြားကပ်နေတဲ့ ကိုယ်ခန္ဓာတော့  ကျွန်တော့် မှာရှိရဲ့ ။
ခင်ဗျားတို့ ထင်လား...
တနေ့ ကျွန်တော် ရှည်လျားလှတဲ့ နက်မှောင်တဲ့ကေသာထက်မှာ အလှဆုံးပန်းကို ပန်ဆင်ထားတဲ့ 
ကြက်သရေရှိတဲ့  မြန်မာ မိန်းကလေးတယောက်ဖြစ်မယ်လို့ ...
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Randomစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......
