ဖြစ်ပျက်ပြီးသားအမှားတခုကို ပြန်ပြင်လို့မရတော့တာမို့ 
ကိုယ့်ကိုယ်ကို ခွင့်မလွတ်မှုတွေ နောင်တတွေနဲ့  ပိတ်လှောင်မထားပါနဲ့ မှောက်သွားတဲ့ နွားနို့ခွက်ကို ပြန်ပြင်လို့မရတော့ပေမယ့်
တဖြေးဖြေးချင်း ပြန်ပြည့်အောင် ဖြည့်လို့ရပါသေးတယ်အမှားကို အမှန်ဖြစ်အောင် မပြင်နိုင်တော့ပေမယ့်
အမှားအတွက် တဖြေးဖြေးချင်း ပြင်ဆင်ပေးဆပ်လို့ရပါသေးတယ်။
ဒါပေမယ့် အဖြစ်ပျက်တွေကိုတော့ မမေ့ပစ်လိုက်နဲ့ ပေါ့။
#######
အဖြူထည်လေးလို မဖြူစင်ရင်တောင်မှ
အရိုးသားဆုံးနဲ့  အမှန်ကန်ဆုံး နေထိုင်သွားပါ
<><><><><><>ကိုယ့်ရဲ့ပတ်ဝန်းကျင်အနှံ့ မှာ...
ဝမ်းရေးတထွာအတွက် ခက်ခဲပင်ပန်းစွာ ရှာဖွေစားသောက်နေရတဲ့သူတွေရှိမယ်...
ခန္ဓာကိုယ်အမှီပြု လုပ်ကိုင်စားသောက်ရတဲ့သူတွေရှိမယ်....
ကိုယ်ခန္ဓာချွတ်ယွင်းချက်တွေနဲ့  လူတွေအများကြီးရှိမယ်....
ဘာအမှုမှ မလုပ်ပဲ အဆင်ပြေပြေ နေနိုင်သူတွေလည်ဲးရှိမယ်...
မွေးလာကတည်းက ကျော့ကျော့မောမော့့
လှပနိုင်စွာနေနိုင် သူတွေလည်းရှိမယ်...
ကြိုးစားတဲ့သူရှိသလို ပြင်းရိတဲ့သူလည်းရှိမယ်...
သူတို့တွေက အချို့က ချမ်းသာကြတယ်
အချို့ကတော့ ပင်ပန်း ဆင်းရဲလှတယ်
ချမ်းသာတာ ဆင်းရဲတာ ဒီနှစ်မျိုးကို လူတိုင်း သိပြီးသားပဲ
အဲ့အတွက် တယောက်နဲ့တယောက် အဆင့်တန်းမတူတာတွေ အဆင်ပြေပုံမတူတာတွေ ဒါတွေက
လူသားတိုင်းမတူညီနိုင်တာကို လူတိုင်းသိပြီးသားပဲ
အဲ့တာကြောင့် ကိုယ့်အခြေနေ အဆင့်တန်းက
ဘယ်လိုဖြစ်ဖြစ် အခြားသူနဲ့ မတူနိုင်တာမို့ 
ဂုဏ်ငယ်စရာမလိုသလို မာန်ဝင့်စရာလဲမရှိဘူး......
ကိုယ်ဟာအလုပ်သမားမို့ အားငယ်စရာမလိုသလို
အလုပ်ရှင်မို့လဲ မာန့်ဝင့်စ၇ာလဲမလိုဘူး
အကြောင်းက ကိုယ်ဟာကိုယ်ပဲ မို့လို့
အခြားသူနဲ့  နှိုင်းယှဉ်စရာကိုမလိုအပ်ဘူး
@@@@@@@ဟိုဟာလေးလိုချင်တယ်.....
သူ့လိုဖြစ်ချင်လိုက်တာ......
လိုချင်တာတွေအများကြီး၇ှိတယ် .....
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Randomစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......