#TRY#

8 0 0
                                    

ငါဘာဖြစ်ချင်လဲ?

ငါ ကြိုးစားရှင်သန်တဲ့သူ ဖြစ်ချင်တယ်

အကောင်းဆုံးတွေကိုပဲ ကြိုးစားလုပ်တဲ့သူမဟုတ်ဘဲ
ငါလုပ်တဲ့ အရာမှန်သမျှကို အကောင်းဆုံးကြိုးစားလုပ်ချင်တယ်

စက္ကန့် နဲ့အမျှ ငါပြုလုပ်တဲ့ ငါပြုမူတဲ့ အရာအားလုံးကို ကြိုးစားပြုမူ ကြိုးစားလုပ်ချင်တယ်

ငါ တနေရာရာမှာတော်ပြီး အရမ်းထူးချွန်တဲ့သူမျိုး မဖြစ်ရင်နေပါ
ငါအမြဲ ကြိုးစားနေတဲ့သူ ဖြစ်ချင်တယ်

အချိန်တိုင်းမှာ ငါကြိုးစား ရှင်သန်ချင်တယ်

ငါလုပ်နိုင်တဲ့အထိ အကောင်းဆုံးကြိုးစားလုပ်ချင်တယ်

ငါမရပ်မနား ကြိုးစားလုပ်နေရင်း ပင်ပန်းနွမ်းနယ်လာတဲ့ နောက်ဆုံးအကန့်သတ်ထိ ကြိုးစားရှင်သန်ချင်တယ်

ပင်ပန်းနွမ်းနယ်လာရင် ငါခနအမော‌ဖြေအနားယူမယ်
ပြီးရင် ငါဆက်ပြီး ကြိုးစားရှင်သန်နေချင်တယ်

ငါ့ရဲ့အချိန်တွေကို ငါ့အကျိုးအတွက် ငါ့မိသားစုအကျိုးအတွက် ငါ့ပတ်ဝန်းကျင်အကျိုးအတွက် ငါကူညီပေးနိုင်တဲ့လူတွေအတွက် ငါ့ရဲ့အနာဂါတ်အတွက် ငါ့ရဲ့ လွတ်‌မြောက်ရာအတွက်
တခုခုမှာ ငါကြိုးစား အသုံးချရင်း ကုန်ဆုံးချင်တယ်

ငါပေးဆပ်တတ်ဖို့ ကြိုးစားချင်တယ်

ငါ သည်းခံတတ်ဖို့ ကြိုးစားချင်တယ်

ငါ စိတ်ရှည်တတ်ဖို့ ကြိုးစားချင်တယ်

ငါ ထင်ပေါ်စရာမလိုဘူး

တိတ်ဆိတ်စွာနဲ့ပဲ ကြိုးစားရှင်သန်ချင်တယ်

တိတ်တဆိတ်လေးပဲ ကြိုးစားနေမယ်

တိတ်တဆိတ်လေးပဲ ငါ့တာဝန်တွေ ကျေပွန်အောင် ကြိုးစားထမ်းဆောင်နေမယ်

တိတ်တဆိတ်ပဲ ငါကူညီနိုင်တဲ့သူတွေ ငါကူညီနိုင်တာတွေကို ကြိုးစားကူညီနေမယ်

တိတ်တဆိတ်ပဲ ငါ့ရဲ့ ရည်ရွယ်ချက်တွေ ကြိုးစားလုပ်ဆောင်မယ်

တိတ်တဆိတ်ပဲ ငါရှင်သန်နေမယ်

နောက်ဆုံးမှာ ငါဖြစ်ချင်တာက တိတ်တဆိတ်လေးပါပဲ

အမှီလိုက်ချင်သူရှိလို့ ငါဒီထပ်ပိုပြီး ကြိုးစားချင်တယ်

ခရမ်း​ရောင်​ ခံစားချက်​များWhere stories live. Discover now