#တန်ဖိုးထားခြင်း=ခွင့်လွတ်ခြင်း#

18 1 0
                                    

လွတ်ချလိုက်ပြီ လုံးဝကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။
တန်ဖိုးထားတာရဲ့ နောက်မှာ ခွင့်လွတ်တာပါ
တပါတည်းကပ်ပါလာတော့ ငါခွင့်မလွတ်ချင်တောင်
ငါရဲ့တန်ဖိုးထာတဲ့စိတ်က ခွင့်လွတ်လိုက်ပြီ။
အသဲကွဲခြင်းရဲ့ အရသာကို ကော်ဖီခါးတခွက်လို နှစ်နှစ်ချိုက်ချုက်မော့သောက်လိုက်တော့လည်း အရသာက ထင်သလောက်မဆိုးပါလား။
ကော်ဖီပူပူရဲ့  အပူုလောင်ဒဏ်ကို အပြုံးတချက်နဲ့  နာနာကျင်ကျင် ခါးဆည်းခံရပေမယ်လို့ ပေါ့။
ငါသာကြိုးစားရင် နင်ပြန်လာဦးမယ်လို့  အရူးတယောက်လို ငါမျော်လင့်ချင်နေသေးတယ်။
မဖြစ်နိုင်မှန်းသိရက်နဲ့  ဒီခံစားချက်တွေကို နှမျောတသစွာ ငါသိမ်းဆည်းထားချင်သေးတယ်။
ဒါမယ့် အဲ့တာက မဖြစ်နိုင်မှန်းသိရက်နဲ့  နင့်ကို ဆွဲထားသလို ဖြစ်မှာကို ငါကြောက်တယ်။
ငါနင့်ကို လွပ်လပ်စွာ ပျံသန်းနေတာပဲ မြင်ချင်တယ်။
ဒါကြောင့် နင့်အတွက် ငါ လွတ်ချပေးလိုက်တာပါ။
အရူးလိုငါဆိုတဲ့အကောင်က နောက်ဆုံးအထိ နင့်ကို တန်ဖိုးထားတာပါ။
နင်မရှိတဲ့အခုချိန်မှာ အရင်နင်မရှိခင်အချိန်ကလို ပြန်နေနိုင်ပမလားလို့  ငါစိတ်ပူမိတယ်။
ဒါမယ့် ငါ ငါတန်ဖိုးအထားဆုံးအရာတခုလေးတင် ဆုံးရှုံးရတယ်ဆိုတာကို ညနက်ရဲ့  တောက်ပနေတဲ့ ကြယ်ကလေးက ပြောပြတယ်။
ဟုတ်တယ် ငါအရာအားလုံး ဆုံးရှုံးသွားတာမဟုတ်ဘူး။
ငါ့မှာ ငါချစ်ရတဲ့ ကောင်ကင်ပြာကြီးရယ် ကြယ်ကလေးတွေရယ်၊ သဘာဝအလှတွေရယ်၊ပြီးတော့ ငါ့ကိုသိပ်ချစ်တဲ့  ငါ့မိသားစု၊သူငယ်ချင်းတွေ ပြီးတော့ နောင် ငါ့အကူအညီကြောင့် ပြုံးနေကြမယ့် သူတွေ.....နဲ့ 
အကြောင်းပြချက်များစွာထက် အဖိုးတန်တဲ့ ငါကိုယ်တိုင်ရှိနေသေးတယ်မလား။
ငါမှာ တန်ဖိုးထားဖို့ ရာ အများကြီးရှိနေသေးတယ်။
ငါနင့်ကို လွတ်လပ်ခွင့်ပေးလိုက်ပြီမို့  နင်အနှောင်အဖွဲ့ မရှိ လွပ်လပ်စွာ ပျံသန်းပါတော့.....
မရေမတွက်နိုင်သော ရီမောခြင်းတွေနဲ့  ပျော်ရွှင်သော ဘ၀ကို ဖြတ်သန်းပါတော့......
ငါ လွတ်ချလိုက်ရတာနဲ့  တန်အောင် ပျော်ရွှင်စွာနေပါတော့........

ခရမ်း​ရောင်​ ခံစားချက်​များWhere stories live. Discover now