ဘာလို့ ဒီိရင်ဘက်ကြီးက ဒီလောက်နာကျင်နေရတာလဲ
သူမကို ယုံပါ သူမပြောင်းလဲပြီလို့  ပြောနေသားပဲ။
မျော်လင့်ချက်ကြီးထားပြီး ထင်သလိုဖြစ်မလာတာများတော့ မယုံနိုင်တော့တာများလား။
မယုံကြည်နိုင်လောက်အောင် မထင်မှတ်ထားရက်လောက်အောင်
နာကျင်ခဲ့ရတော့ ထပ် နာကျင်ရမှာ ကြောက်မိတာလား။
သူမပေးတဲ့  ကြင်နာမှု သူမပေးတဲ့  ယုယမှုတွေက
သူမစိတ်ထဲက မဟုတ်ဘူးလို့  ထင်ပြီး
သူမကြင်နာတိုင်း သူမယုယတိုင်း ဒီရင်ဘက်ကြီးက ၀မ်းသာပျော်ရွင်နေရက်နဲ့  နာကျင်ခဲ့ရတယ်။
အဲ့လောက်တောင် သူမကို မယုံကြည်နိုင်တော့ဘူးလား။
ယုံကြည်ချင်ပါတယ်၊ အကြွင်းမဲ့ ကို ယုံကြည်ချင်ပါတယ်၊
ယုံကြည်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ စိတ်ကယုံကြည်တယ်ပြောပေမယ့် ဘာကြောင့် ခုလို နာကျင်နေရတာလဲ။
ပျော်ရွှင်ကြည်နူး၇တိုင်း သူမတော့ ကိုယ်လို ကိုယ့်လောက်ထိ ပျော်ရွှင်ကြည်နူးလိမ့်မယ်လို့  မယုံ၇ဲခဲ့ဘူး မထင်၇ဲခဲ့ဘူး။
ဒါသူမကို မယုံကြည်တာပဲမလား။
တောင်းပန်ပါတယ်။ ငါ့ခံစားချက်တွေ နာကျင်ခဲ့ရပေါင်း များလှပြီ။
သူမကို မယုံကြည်လို့ ရခဲ့တဲ့ နာကျင်မှုတွေ များလှပါပြီ၊
နာကျင်တာများလို့  ခံစားချက်တွေ အေးစက် မသွားခင် ငါယုံကြည်နိုင်အာင် ကြိုးစားပေးမယ်မလား။
ကြိုးစားမှုကြောင့်ဖြစ်လာတာကိုမကြိုက်ဘူး သူ့ဖာသာလေးဖြစ်လာတာကို ကြိုက်တယ်လို့  မပြောပါနဲ့တော့၊
နင့်ကိုမယုံကြည်နိုင်ဖြစ်နေတဲ့ ငါက နင်မကြိုးစားပဲ နင်မပြဘဲ နင့်ကိုပြန်ယုံကြည်နိုင်မယ် ထင်နေတာလား။
ငါသိတာ ငါယုံကြည်တာက နင်ငါ့လောက် မခံစားရဘူး နင်ငါ့အပေါ်အလေးမထားဘူးဆိုတာပဲ။ဒါကြောင့် နင် ကြိုးစားပြီး မပြရင်ငါ မြင်နိုင်မှာ မဟုတ်ဘူး။ ငါတခါကန်းခဲ့ပြီးပြီးဆိုတော့ တော်ရုံဆို ငါ မမြင်နိုင်တော့တာမို့ ပါ။
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Randomစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......