ခရီးလမ်းတလျှောက် အများဆုံးမြင်တွေ့၇သည်မှာ ၄ ၅ ပေ အ၇ှည်ရှိသော ကျွန်တော်တို့ ၏အသက် စပါးခင်းများပင်
်ဖြစ်သည်။ရှည်လျားသောရိုးတံစိမ်းများ မျက်စိတဆုံး အစီအရီပေါက်နေပုံမှာ ထူထည်းလှသော အစိမ်းရောင်ကတ္တီပါကော်ဇောကြီး ဖြန့်ခင်းထားသကဲ့သို့ပင် ၇ှိနေသည်။စိမ်းနုရောင်ရိုးတံများ၏ ထိတ်ဖူးတွင် ရွှေညိုရောင် စပါးသီးများ အပြွတ်လိုက် အခိုင်လိုက် သီးနေကြသည်။
ေ၇ွှမှုန်များကြဲထားသော ကတ္တီပါကောဇောကဲ့သို့ မျက်စိတဆုံး၇ှိနေသော စပါးခင်းကြီးသည် ရောင်နီဦးနေမင်းနှင့်အပြိုင် ဂုဏ်ရောင်ထွန်းတောက်နေသည်။
စပါးခင်း တခင်းနှင့် တခင်းကို ထန်းပင်ကြီးများက ပိုင်းခြားထားသည်။ကြိုကြိုကျားကျား ပေါက်တတ်သော သစ်ပင်ကြီးများကလည်း ဆောင်းဦးဝင်ပြီဖြစ်၇ာ သစ်ရွက်များ မရှိတော့သော အကိုင်းအခက်အလက်များနှင့် အထီးကျန်ဆန်လွန်းလှသည်။
ထိုစပါးခင်း တဖက်တချပ် အလည်တွင် အိုဟောင်းလှသော လမ်းမကြီးတခုရှိသည်။ လမ်းမကြီးသည် ရွှေမှုန်ကြဲထားသော စပါးခင်း၏ ဂုဏ်ရောင်ထွန်းလင်းမှုကို မယှဉ်နိုင်သည်အလား စိတ်ပျက်အားငယ်စွာ ပက်ကြားများအပ်ကာ ခြောက်သွေ့ လွန်း
လှသည်။အဆုံးအစ မမြင်ရသော ထိုလမ်းမကြီးသည် အထီးကျန်ဆန်လွန်းလှစွာ ရှည်လျားသောခရီးရှည်ကြီးကို ဦးတည်နေသည်။လမ်းမကြီး၏ ဘေးဘီဝဲယာတွင် ကျွဲ၊ နွား မှစ ကျေးငှက်သာ၇က အကောင်မျိုးစုံ အရောင်အသွေးစုံလင်စွာ
ဝမ်းစာရရေး ကျီကျီကျာကျာ အော်မြူးကာ ၀မ်းရေးရှာဖွေနေကြသည်။ကျွန်တော်တို့ စီးလာသော ဆိုင်ကယ်လေးသည်လည်း တကိုယ်တည်း အဖော်မဲ့ကာ ၇ှည်လားသော ခရီးတခုကို ဦးတည် ခုတ်မောင်းနေသည်။
ဆိုင်ကယ်ပေါ်တွင်ပါလာသော ကျွန်တော်နှင့် ကျွန်တော့်ဖခင်မှာမူ ဆောင်းဦးရာသီ၏ အအေးဒဏ်ကို အန်တုကာ လိုရာခရီးကို ဦးတည်နေသည်။ ဆိုင်ကယ်လေးသည် ဆောင်းဦးရာသီတွင် တိုက်ခတ်သော ဆောင်းလေများကို ထွင်းဖောက်ကာ အာဇာနည်မြင်းတကောင် တဟုတ်ထိုးပြေးသကဲ့သို့ အာမာန်အပြည့် ခုတ်မောင်းနေသည်။ ကျွန်တော်မှာမူ ဖခင်၏ ကြီးမားကျယ်ပြန့်သော ကျောပြင်ကို အကာကွယ်ယူကာ
လက်များက ၀လွန်းလှသော ဖခင်ကို သိုင်းဖက်ထားသည်။
ယခုလိုအချိန်တွင် ဖခင်၏ ကိုယ်ခန္ဓာသည် နွေးထွေးမှုကို မပေးနိုင်သောငြားလည်း ဆောင်းဦးလေ၏ အအေးဒဏ်ကို တံတိုင်းကြီးသဖွယ် ကာကွယ်ပေးနိုင်ပါသေးသည်။
တချက်တချက် ဆောင်းလေများက ကျွန်တော့၏ ဆံသားများကို လေယူရာသိမ်း ယိမ်းနွဲ့ ကခုန်စေပါသေးသည်။
အရာအားလုံး ကိုယ်ပိုင်အလှ ကိုယ်ပိုင်တန်ဖိုးများရှိကြသည်။
အလှများ တန်ဖိုးများ တခုခုနှင့်တခု ပေါင်းယှဉ်ကြည့်ပါက
တန်ဖိုးမဖြတ်နိုင်သော လုပ်ယူ၍ ဖန်တီး၍ မရသော သဘာဝပန်ချီးကားကြီးတချပ်အဖြစ် သက်သေထူနေပါလိမ့်မည်။ အေးချမ်းသော မြတ်စွာဘုရား ၇ုပ်ပွားတော်များသည်လည်း လက်ဆယ်ဖြာထိတ်မှာမိုး ၇ှိခိုးပူဇော်၍မ၀ပါ။တောတောင်သဘာဝ အလှများသည်လည်း ကြည့်၍မ၀ လိုက်၍မမှီအောင် လှပအေးချမ်းလွန်းလှပါသည်။
ရောက်လေရာ ဓာတ်ပုံ၇ိုက်တတ်သော ကျွန်တော်သည်ပင်
ထိုသဘာဝအလှစစ်များကြားတွင် မျက်နှာမပြရဲသလို သိမ်ငယ်အားငယ်စိတ်ဝင်မိပါသည်။ထို့ ကြောင့် ဂုဏ်ငယ်လှသော ကျွန်တော့်၏ အလှပုစိလေးသည် ထိုအလှစစ်များကို မယှဉ်ပြိုင်နိုင်လွန်းစွာ အားငယ်လွန်းစွာဖြင့် အမှတ်တ၇ဖြစ်ရန် မျက်နှာတချမ်းနှင့် နောက်ကျောသာ ရိုက်လိုက်ရပါတော့သည်။
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Randomစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......