2.

13.1K 729 15
                                    

Zawgi....

"အရိပ်စစ်......"

ကားရှေ့ဖုံးအား လှန်ရင်း ဟိုကိုင်ဒီကိုင်
လုပ်နေသည့် အရိပ်စစ် တစ်ယောက်၊ ကား
ခေါင်းခန်းက အသံပြဲပြဲကြောင့် တုန်သွား
လေသည်.......

"ဟ....ဘာတုန်းပြည့်စုံရာ..မင်းကြီး
တော် ယောက်ျားနောက်လိုက်သွားလို့
သေမလိုအော်နေတာလား....."

စစ် မော့မကြည့်ပဲ ပယ်ပယ်နယ်နယ်သာ
ပြန်အော်ပေးလိုက်လေသည်....ဒါကိုမကျေ
နပ်တဲ့ ပြည့်စုံက ကားပေါ်ကနေ ဘောက်
ဆက်ဆက်နဲ့ ဆင်းလို့လာသည်......

"ငါ့ကြီးတော် လင်နောက်လိုက်ရင်တောင်
ငါ အဲ့နောက်ထိ မအော်ဘူး...အခုမင်းလုပ်
ပုံက ကောင်းလားပြော သူများတွေသွားသ
လို ခရီးသွားကားကြီးတွေနဲ့သွားမယ် ဆိုတော့
လည်း လူများရင် ခေါင်းမူးတယ်လေးဘာလေးနဲ့ သူ့ကားယူလာတော့ကြတော့ အခုကြည့်
ကားက ပျက်နေပြီ"

"ပြည့်စုံ မင်းကလည်း မိန်းမကြီးကျနေတာ
ပဲ တစ်ဗြစ်တောက်တောက်နဲ့ ငါလည်းဒီမှာ
ကြည့်နေတာပဲလေကွာ...."

"အပိုလုပ်မနေနဲ့ ဟဲ့ကောင် မင်းနဲ့ငါ ငယ်
ငယ်ထဲကပေါင်းလာတာ ကားသာစီးနေတာ
ဆီထည့်ရမဲ့ အပေါက်တောင် ဘယ်နားရှိ
မှန်းမသိတဲ့ကောင်ကများ ကားပြင်အုန်းမယ်
တဲ့....."

ပြည့်စုံပြောသည်များကလည်း မှန်နေသည်မို့
စစ် ခေါင်းကိုသာ တစ်ဗြင်းဗြင်း ကုတ်နေမိတော့
သည်.....

"ဟုတ်သား ကိုကိုရယ် ညနေတောင် ဆောင်း
နေပြီ သစ္စာတို့ ဒီနားက ဖြတ်သွားတဲ့ ကား
တစ်စီးစီးကို အကူအညီတောင်းရအောင်..."

သစ္စာကပါ ဆင်းလာပြီး မျက်နှာငယ်လေးနှင့်
ပြောနေသည်မို့ သူအကြံအိုက်လာသည်.......

မဖြစ်ပါဘူး ဒီလူဦးရေနဲ့ သူများကားစီးရင်
ကျပ်ကျပ်ပိတ်ပိတ်နဲ့ မတော်လို့ ကားပိုင်ရှင်
က air-conသာမဖွင့်ပေးလို့ရတော့ အနံ့အ
သက် အစုံနဲ့ မဖြစ်ဘူး...လုံးဝမဖြစ်ဘူး...

"ကိုယ်...ပြင် ပြင်တက်ပါတယ် သစ္စာရဲ့
ခဏလေးပဲစောင့်နော်....ဟီး"

သစ္စာက နှုတ်ခမ်းလေးဆူယုံသာ ထပ်မပြော
တော့ပေမဲ့ ပြည့်စုံကတော့ မျက်လုံးများပြူး
ပြဲ၍ အခုပဲထသက်တော့မလိုကြည့်နေသည်
......တစ်ကယ်လည်း ပြည့်စုံ သူ့ကိုသတ်ချင်
နေလောက်ပြီလေ......

Replace(completed)Tempat cerita menjadi hidup. Temukan sekarang