33.

4.5K 299 8
                                    


Zawgyi.....

မျက်ခွံတွေကို အားယူဖွင့်လိုက်ချိန်မှာ ခပ်
ဝါးဝါးအမြင်အာရုံမှ ကြည်လင်လာသော
ပထမဆုံးမြင်ကွင်းသည် အဖြူရောင်မျက်
နှာကျပ်သာဖြစ်သည်.....

"စစ်....နိုးလာပြီ....စစ်..စစ် ငါ့အသံကြား
ရလား....."

အရိပ်စစ် လှဲလျောင်းနေရာ ကုတင်
ဘေးနားတွင် ပြာယာခတ်လှုပ်ရှားနေကြသ
သည့် အသံပိုင်ရှင်တို့ကို လျစ်လျူရှု့ ထား
လျက် ပကတိ ဖြူရှင်းနေသည့် မျက်နှာကျပ်
တွင်သာ အကြည့်တို့က တည်တံလျက်....

ဘာကြောင့် .....ပြန်နိုးလာနေရသေးတာလည်း

"ခေါင်းကိုက်နေသေးလား....အဆင်ပြေတယ်
မဟုတ်လား...."

ကလေးဆန်ဆန်မျက်နှာလေးနဲ့ ဆရာဝန်ကို
အရိပ်စစ် ခေါင်းညိမ့်ပြလိုက်သည်.....

"ဘာမှထွေထွေထူးထူး မရှိပါဘူး...ဒီရက်
ပိုင်း စိတ်ပင်ပန်းသွားလို့ လဲကျသွားတာ
ပါ...အနားယူလိုက်ရင် ကောင်းသွားပါလိမ့်
မယ်....Doctor နဲ့တစ်ယောက်လောက် လိုက်
ခဲ့ပေးပါလား...."

"စစ်....စစ် မေ့နေတာ သုံးရက်ရှိပြီ"

ဆရာဝန်နဲ့ ပြည့်စုံတို့ ထွက်သွားတာနဲ့ သစ္စာ
က အရိပ်စစ်ရဲ့ ကုတင်ဘေးရောက်လာသည်...

"ငါ အိပ်ချင်တယ် သစ္စာ...."

စောင်ကို ခေါင်းအထိတိုးခြုံလိုက်တဲ့ အရိပ်
စစ်အားကြည့်ကာ သစ္စာတစ်ယောက် သက်
ပြင်းသာ ချနိုင်တော့သည်.....

"တစ်ခုခုမစားချင်ဘူးလား...စာပြီး ခဏနေ
ညရောက်မှ တစ်ခါတည်းအိပ်လိုက်ပါလား.."

အေးချမ်းစကားသံသည်လည်း အရိပ်စစ်
အား မလှုပ်ရှားစေခဲ့ပါ....

အခန်းထဲက လေထုဟာ အေးစက်ငြိမ်သက်
လို့နေတယ်....
ဒီအခြေအနေမှာ အေးချမ်းတို့ ဦးငယ်ကိစ္စကို
ဘယ်က စပြောရမလဲမသိတော့ပါ....

"ဟို....ဦးငယ် ကိစ္စကို ညီထွဠ် စီစဉ်ပေးနေ
တယ်....နင့်လည်းမေ့နေတာနဲ့....."

"မနက်ဖြန် သဂြိုဟ်ဖို့ စီစဉ်လိုက်ပါ...."

"စစ်......."

အေးချမ်းစကားမဆုံးခင် ဖြတ်ပြောလိုက်တဲ့
အရိပ်စစ် စကားကြောင့် အေးချမ်းရော သစ္စာ
ပါ ထိပ်လန့်လို့နေကြသည်.....

Replace(completed)Where stories live. Discover now