20.

6K 393 4
                                        


Zawgyi....

ခြံဝန်းထဲကို အရှိန်မှန်မှန်မောင်းလာတဲ့
ကားဖြူလေးက အိမ်ရဲ့ဆင်ဝင်အောက်မှာ
ရပ်တန့်သွားတယ်....

ကားပေါ်က ဆင်းလို့လာတဲ့ ခွန်းသစ်စ
ရဲ့ လက်ထဲမှာ အထုပ်ကြီး၊အထုပ်ငယ်
တို့ ကိုင်ဆောင်ကာ အိမ်ထဲဝင်လာသည်..

ခါတိုင်းဆို အသံတစ်စာစာနဲ့ ပတ်မွှေ
နေတက်တဲ့ သူ့ရဲ့အသေးလေးက အ
ခုတော့ ငြိမ်ချက်သားကောင်းနေသည်...

"စစ် ရော ကြီးပျို...."

ထမင်းစားခန်းဘက်က ရေဇလုံကိုင်ပြီး
ထွက်လာတဲ့ ကြီးပျိုကို ခွန်းသစ်က လှမ်းမေး
လိုက်သည်.....

"သခင်လေး...နေမကောင်းဘူး...အကိုလေးရေ မနေ့ညကထဲက ဖျားနေတာ အဖျား
တွေကြီးနေလို့ ခုနကလေးတင် ဆရာဝန်ပြန်သွားတာ...အခု သခင်လေးကို ရေပတ်ထပ်
တိုက်ပေးမလို့လေ..."

ကြီးပျိုစကားကြောင့် ခွန်းသစ် ပြာယာခက်
သွားသည်....အထုပ်တွေကို ဧည့်ခန်းက ဆို
ဖာပေါ် အပြေးတင်လိုက်ပြီး၊ကြီးပျို လက်ထဲ
က ရေဇလုံကို ယူလိုက်သည်....

"ပေး...ကြီးပျို ကလေးကို ကျွန်တော်ပဲ
လုပ်ပေးလိုက်မယ်....ကြီးပျို လုပ်စရာရှိ
တာ သွားလုပ်လိုက်....."

"အဲ့တာဆို ကျေးဇူးပဲ အကိုလေးရေ..
ကြီးပျိုလည်း သခင်လေးအတွက် ဆန်ပြုတ်
လုပ်လိုက်အုန်းမယ်....ပြီးရင် ဆေးသောက်
ရမှာဆိုတော့ အစာရှိမှ ဖြစ်မယ်...ကြီးပျို
သွားချက်လိုက်အုန်းမယ်နော်...."

ခွန်းသစ် အပေါ်ထပ်တက်သွားပြီး စစ်
အခန်းလေးကိုဖွင့်လိုက်သည်...ကုတင်
ထက် က စစ် သည် ကွေးကွေးလေး အိပ်
ပျော်နေလေသည်......

ရေဇလုံထဲက အဖြူရောင် တပတ်လေးကို
ရေအနည်းငယ်ညှစ်လိုက်ပြီး ပက်လက်အ
နေအထားရှိနေတဲ့ စစ် ရဲ့ နဖူးပေါ်တင်
လိုက်တော့ အနည်းငယ် လှုပ်ကာ မျက်
မှောင်ကျုံ့လို့သွားလေသည်.....

လည်ပင်းနဲ့လက်လေးတွေပါ ရေပတ်တိုက်
ပေးပြီးတော့ ရေဇလုံကိုယူကာ အောက်ထပ်
ပြန်ဆင်းခဲ့လိုက်သည်.....

"ဘယ်လို ဖြစ်တာလဲ ကြီးပျို...မနေ့က
ကျွန်တော်ပြန်သွားတဲ့အထိ အကောင်း
ကြီးပါ..."

Replace(completed)Donde viven las historias. Descúbrelo ahora