29.

4.3K 282 8
                                    

Zawgyi...

~အဆင်ပြေလား...
~နေကောင်းရဲ့လား..
~ထမင်းရော မှန်မှန်စားရဲ့လား..
~ဘယ်တော့ပြန်လာမှာလည်း ဦးခွန်း..
~ကျွန်တော်တို့ တစ်ကယ်ဝေးသွားကြတာလား...

ဒီနှစ်နွကေ မနှစ်ကထက် သာလို့ ပူနေပြန်
တယ်...
အချိန်စက်ဝန်းက ပုံမှန်အတိုင်းတရွေ့ရွေ့
လည်ပတ်လို့နေတုန်းပါပဲ...

အဆင်ပြေချင်ယောင်ဆောင်ထားတဲ့
တစ်ချို့သော မနက်ခင်းတွေကိုဖြတ်ကျော်
ခဲ့ရပြီးချိန်မှာတော့ အတန်သင့်အဆင်ပြေ
နေလောက်ပြီ ထင်ရတာပါပဲ....

"တစ်ခုခု စားသွားအုန်းလေ သခင်လေး..."

ကြီးပျိုကို ခေါင်းခါပြပြီး အိမ်ပြင်ဖက်သို့
သာ လျောက်လာခဲ့လိုက်သည်...

အနက်ရောင် B&W ကားသစ်လေးက
ငြိမ့်ငြောင်းစွာ ခြံဝန်းထဲမှထွက်ခွာသွားလေ
သည်....

"ဟဲလို....အင်း....ငါလာနေပြီ.....အေး"

ပတ်ဝန်းကျင်အနေအထားနဲ့အတူ အရင်
က စွာတေးလန်ကောင်လေး ဟာလည်း
လွန်ခဲ့သော ၃နှစ်ခန့်နဲ့မတူ ပြောင်းလဲခဲ့
ပေပြီ....

အရိပ်စစ်တို့ သူငယ်ချင်းတစ်စု ကျောင်း
ပြီးလို့ အလုပ်ကိုယ်စီ လုပ်နေကြပေမဲ့
အေးချမ်းရဲ့ အကြံပေးမှုနဲ့အတူ ကော်ဖီ
ဆိုင်လေးတစ်ဆိုင်ကို လွန်ခဲ့သော ၂နှစ်
က စပ်တူ ဖွင့်ခဲ့ကြသည်...

ထို ကော်ဖီဆိုင်လေးမှာပဲ တနင်္ဂနွေ နေ့တိုင်း
အားလုံးအတူ ဆုံဖြစ်ကြပြီး အရိပ်စစ် က ထို
နေ့တိုင်းသီချင်းတစ်ပုဒ်ဆိုပြတက်သည်.....

အရိပ်စစ်က ဆိုင်ထဲကို ရောက်တယ်ဆိုရင်ပဲ တနင်္ဂနွနေ့တိုင်း သူသီချင်းဆိုတာ လာအားပေးတက်ကြသည့် မိန်ကလေးငယ်တစ်ချို့နဲ့ ဆိုင်ဟာ
အတော်အသင့် ထိုင်စရာပြည့်လို့နေသည်...

"ဟေး....ဟိုမှာ စစ်လေး လာပြီ....."

ဆံပင် ပန်းရောင်နဲ့ လဲ့လဲဆိုသူ မိန်းကလေး
ငယ်ရဲ့ ခပ်စာစာအသံလေးနောက်မှာ ဆိုင်
ထဲက မျက်လုံးအားလုံးဟာ သူ့ထံရောက်ရှိ
လာကြပြီး အားလုံးဟာ တိတ်ဆိတ်လျက် ၊
သူ့တစ်ယောက်ထဲထံ၌သာ အာရုံထား ထားကြ
တော့သည်....

Replace(completed)Where stories live. Discover now