6.

7.8K 555 11
                                        

Zawgi....

..မမျှော်လင့်ပဲ ဇွတ်ချစ်မိတာ နင်ပါ..
..မျှော်လင့်ခြင်း အဆုံးမသတ်သူဟာ နင်ပါ..
..အရာရာထက်ငါ ဦးစားပေးခဲ့လည်း..
..နင်မသိတော့ ခံစားရ..

နွေးထွေးမှုအပြည့်ပါသည့် သကာရည်လို အသံချိုချိုက၊ ပုံမှန်ပြောနေကြ အောရှရှအသံနှင့် အနည်းငယ် ကွာခြားသည်။

..ကြွေအောင်ငါက ပြောမပြတက်တာယုံပါ..
..အနွံတာခံပြီး ချစ်ပြပါ့မယ် ယုံပါ..
..ဆုံလာသမျှကို ဖွဲ၊စကွဲ သတ်မှတ်လို့..
..ငါ့ဘဝထဲမှာ နင်ပဲရှိတယ်..

လှိုင်းပုတ်သံသဲသဲ့နှင့် တဖောက်ဖောက်လောင်ကျွမ်းနေသော မီးတောက်မှ အသံတို့က လွဲ၍ ပတ်ဝန်းကျင်ဟာ ပကတိတိတ်ဆိတ်လို့နေသည်။

..ငါနင့်ကို သိပ်ချစ်တာပဲ..
..ငါဘယ်သူမှ မချစ်ချင်ဘူး..
..ငါ့နင့်ကို သိပ်ချစ်တာပဲ..
..အမြဲပဲ တွေ့ချင်တယ် ..
..မင်းကို ထာဝရ ပတ်သက်ခွင့်ပြုပါ..

မျက်နှာခြင်းဆိုင်မှ အဓိပ္ပါယ်ဖော်ရ လွယ်ကူသော မျက်ဝန်းနက်တို့က သူ့အားစိုက်ကြည့်နေသည်ကြောင့် အကြည့်လွှဲလိုက်မိသည်။

..ဆုံနေပေမဲ့ နီးခွင့်မရှိတာ ငါပါ..
..ကွဲရာမှာအမြဲ အသည်းကွဲနေတာ ငါပါ..
..ငါဒီဘဝမှာ ချစ်ခွင့်မရှိခဲ့လည်း..
..နင့်စိတ်ထဲမှာ ငါရှိပေးပါ..
..ဆိုင်သူရှိလည်း ဝေးလို့မသွားချင်ယုံပါ..
..မဆိုင်ပေမဲ့လည်း အနီးဆုံးရှိချင်ယုံပါ..
..အရောင်တွေမရှိတဲ့ အချစ်နဲ့ ချစ်ခွင့်ပေး..
..သံယောဇဉ် မပြတ်လို့ကွယ်..

သူ့လက်တို့ကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ထိုသူ လှမ်းနေသော ခြေလှမ်းများက ရှင်းလင်းလို့နေသည်။ထိုသူအား အကြည့်လွှဲလိုက်မိသည်က သစ္စာနှင့်အကြည့်ခြင်း ဆုံစေသည်။ရိုးသားသည့် သူ၏ချစ်သူလေးက ထိုလူ၏ ခြေလှမ်းများကို ရိပ်မိသည့်ပုံမပေါ်သေး။သူ့အား ပြုံးကာပင် လက်မထောင်ပြနေသေးသည်။မလုံမလဲနှင့်ပင် သူက အကြည့်လွှဲလိုက်မိပြန်သည်။

..ငါနင့်ကို သိပ်ချစ်တာပဲ..
..ငါဘယ်သူမှ မချစ်ချင်ဘူး..
..ငါ့နင့်ကို သိပ်ချစ်တာပဲ..
..အမြဲပဲ တွေ့ချင်တယ် ..
..မင်းကို ထာဝရ ပတ်သက်ခွင့်ပြုပါ..

Replace(completed)Where stories live. Discover now