Zawgyi....
ကျစ်~
စစ် ဆုတ်တစ်ချက်သတ်ရင်း ခြေလှမ်းတို့ကို
ခပ်သွက်သွက်လှမ်းပြစ်လိုက်သည်............တစ်ချက်တစ်ချက်နောက်လှည့်ကြည့်တိုင်း
လည်း မံမီရုပ်ကြီးနှစ်ရုပ်လိုအတောင့်လိုက်
အနောက်ကနေ သွားရာနောက်တစ်ကောက်
ကောက်လျှောက်လိုက်နေသော အမိနှစ်ယောက်ကြောင့် ရှုတ်ပါသည်ဆိုသည့်စိတ်က ပို၍
မကြည်ချင်တော့ပါ....."အေးချမ်း...နင်တို့နှစ်ယောက်အဲ့တာဘာ
ဖြစ်နေတာလဲ...."လက်ထဲကခေါက်လက်စ အဝါရောင်တီရှပ်
လေးကို luggage ထဲခပ်ပြင်းပြင်းစောင့်ချ
လိုက်ရင်း စိတ်ပေါက်ပေါက်နှင့်သာ သူအော်
ပြစ်လိုက်သည်......"ဟမ်....ငါတို့ဘာဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူး.."
သူနဲ့ဟိုလူကြီးရဲ့ အခြေအနေကိုမြင်သွားသ
လား ဟုမေးမိတုန်းက ပြိုင်တူခေါင်းညိမ့်ပြ
လာပြီးနောက်....သစ္စာက usမှာနေသည့်
သူမအဖွားနေမကောင်းသည်မို့ သွားရမည်
ဟုပြောပြီးနောက်.....မနက်ပြန်ရန် အဝတ်
အစားများကောက်ထည့်နေသည့်.......
သူ့နောက်ကို ယခုလိုတစ်ကောက်ကောက်
လိုက်နေသည်မှာ မိနစ်ဝက်ပင်ရှိလောက်ပြီ
ထင်သည်......."စစ်...နင်နဲ့ကို ခွန်းသစ်စ နဲ့က.....ဘာ..
တွေ..လဲ..."အရှေ့အနောက်မလွတ် စွဲသံကြီးနှင့်မေး
လာသည့် အေးချမ်းကြောင့် အားနာနာ
နှင့်ပင် သစ္စာအားကြည့်လိုက်မိသည်.....သို့သော်...သူမသည်လည်း အတော်ပင်
သိချင်နေပုံပင်....မျက်လုံးရွဲကြီးများနှင့်
ရှေ့ပင်ပိုတိုးကာ ဂရုတစိုက်အသေအချာ
နားထောင်တော့မည့်ဟန်ပြလေသည်..."ဘာ..ဘာတွေရမှာလဲ...ဒီ..ဒီတိုင်း
အသိတွေလေ.....အဟင်း..."အဆင်မချောသောဖြေရှင်းခြင်းအပြီးတွင်..
ခေါင်းဟန့်ကာ အဆုံးသတ်လိုက်မိသည်.."သေချာလို့လား....နင့်ကို ကိုခွန်းသစ်စ
နမ်း..."အေးချမ်းခါးကိုဆွဲလိုက်သည့် သစ္စာကြောင့်
အေးချမ်းစကားတို့ရှေ့မဆက်တော့ပေမဲ့
....သူမျက်နှာကြီးအတော်ပင် ပူပါသည်........
နဖူးထက်မှချွေးသီးများသည်လည်း.....
စီးကျလို့လာလေသည်....
YOU ARE READING
Replace(completed)
Romanceကျွန်တော့်စိတ်ကို ဘယ်စကားနဲ့မှ အ ရောင်မခြယ်ချင်ပါနဲ့တော့.... ခင်ဗျားကိုလွမ်းတိုင်း အလဲလဲအပြိုပြို ဖြစ်ခဲ့တဲ့ ကျွန်တော့်ကိုသနားပါ..... Myanmar BL..... own creation.... ကျွန်တော့်စိတ်ကို ဘယ်စကားနဲ့မှ အ ရောင်မခြယ်ချင်ပါနဲ့တော့.... ခင...