7.

7.5K 535 5
                                    

Zawgyi.....

"အား....စားလို့ကောင်းလိုက်တာ ဘယ်
လောက်စားစား ဝကိုမဝဘူး....."

ဗိုက်လေးအားပွတ်ရင်း မျက်လုံးများ
မှိတ်လုမှိတ်ခင်ထိ ပြုံးရယ်လို့နေသော
စစ် ကို မနိုင်ဘူးဆိုသည့်အကြည့် နှင့်
သာ အေးချမ်းကြည့်နေလိုက်သည်..

"ကိုကို မြန်မြန်စားလို့.. ပြီးရင်သစ္စာတို့
ဟိုဘက်ခြမ်းမှာခရုလေးတွေ
သွားကောက်ရအောင်....."

သစ္စာက ကလေးတစ်ယောက်လို သဘောကျနေကာ၊အဖော်စပ်ထားပြီဟန်တူသည့် အေး
ချမ်းကပါ ခေါင်းငြိမ့်ပြလေသည်...

"ကိုကို မလိုက်ချင်ပါဘူး သစ္စာရာ
အဲ့တာက ပျင်းစရာကြီးကို သစ္စာသွား
ချင်ရင်အေးချမ်းနဲ့သွားလိုက်လေ..
ပြီးရင်ပြန်လာခဲ့..ကိုကိုဒီမှာပဲစောင့်
နေမယ်လေနော်...."

"အဲ့တာဆိုလည်းပြီးရော...ဟိုနှစ်ကောင်
နင်တို့ရောလိုက်မှာလား...."

သစ္စာတို့အဖော်စပ်သည်ကို မျက်နှာ
ရှုံ့ကာ လက်ကာပြလာသောပြည့်စုံ...

"အန်ကယ်တို့ကတော့ Noပါသမီးရေ
ကမ်းခြေဘက်သွားရင်းလေညှင်းလည်း
ခံရင်းစကီလေးတွေလည်းငမ်းရပါမယ်
လို့....ဟင်းဟင်းဟင်း...."

လူရုပ်မာသံကြီးဖြင့် လုပ်ရယ်ပြနေသော
ပြည့်စုံကို သစ္စာမျက်စောင်းထိုးတော့သည်..

"Okလေ ဒါဆို ငါတို့ပဲသွားတော့မယ်
....လာသစ္စာသွားရအောင်........"

"ok ခ"

စစ်လည်း လက်ပြကာ စားလက်စကိုပဲ
ဆက်စားနေလိုက်သည်။

"ကဲ အချိန်ရှိခိုက် လုံ့လစိုက်တဲ့ သားကြီး
သွားရအောင် အားတိုင်းအိပ်ငိုက်မနေနဲ့
သဘာဝပတ်ဝန်းကျင်ဆိုတာ လေ့လာရ
တယ် လာ...."

အစားမပျက်သေးသည့် ညီထွဠ်ကိုဆွဲခေါ်
သွားသည့် ပြည့်စုံနှာခေါင်းကြီးသည် စစ်
အထင် ပို၍ပင် ကြီးပြီးပွလာသလားပဲ...

"ဟျောင့်...စစ်....မတည့်တာတွေစား
မနေနဲ့နော်..."

"သွားစရာရှိတာသာ သွားစမ်းပါကွာ
...ငါကလေးမဟုတ်တော့ဘူး....."

ခပ်လှမ်းလှမ်းကပြန်လှည့်အော်နေသည့်
ပြည့်စုံကို ပြန်အော်ပြောလိုက်ရင်း စစ်
တစ်ယောက်လူရုပ်မာ ပြုံးလေးပြုံးလိုက်
မိသေးသည်.....

Replace(completed)Tempat cerita menjadi hidup. Temukan sekarang