23.

5.3K 398 12
                                        

Zawgyi...

"စစ်တို့ တွဲရအောင်.............."

"စစ်....ကိုယ်တို့......"

ခွန်းသစ် စကားစလိုက်တဲ့အချိန်မှာပဲ
အိမ်ထဲက ကြီးပျိုထွက်လာတာကြောင့်
ဆက်မပြောပဲရပ်လိုက်သည်....စစ် က
ခွန်းသစ် နား နားတိုးလာပြီး ခြေဖျားထောက်
လိုက်သည်....

"ဘာလည်း...ငြင်းတာလား...ရုတ်ရုတ်
မလုပ်နဲ့နော် စိတ်ရှည်တာမဟုတ်ဘူး...
ခေါင်းငြိမ့်၊ခေါင်းခါ တစ်ခါတည်းပြော.."

အံကြိတ်သံလေးနဲ့ ခပ်တိုးတိုးကပ်ပြော
နေတဲ့ စစ် ကြောင့် ခွန်းသစ် ရယ်ချင်လာ
သည်...

ခွန်းသစ်လည်း စချင်တာနဲ့ ဘာမှမပြောပဲ
မျက်ခုံးပင့်ပြလိုက်တော့.. လက်ဖဝါးကို
အလျားလိုက်မှောက်ကာ လည်ပင်းနား
ကပ်ပြီး လည်ဖြတ်မယ်ဆိုတဲ့ ပုံစံလေး
လုပ်ပြတယ်...နောက်ပြီး သူ့မျက်လုံးနှစ်
လုံးကို လက်ညိုးနဲ့ခပ်ဝေးဝေးကထိုးပြပြီး
အဲ့လက်ညိုးတွေနဲ့ပဲ ခွန်းသစ်ကို လှမ်းထိုး
တော့မဲ့ဟန်ပြတယ် မသိရင် ဂမ်းစတား
ပေါက်လေးလိုလိုဘာလိုလိုနဲ့...

"ကိုယ်ညမှ ဖုန်းဆက်လိုက်မယ်နော်.."

ဘေးနားမှာလာရပ်နေတဲ့ ကြီးပျိုကြောင့်
ခွန်းသစ်တစ်ယောက် စစ် ကို လက်ပြ
နှုတ်ဆက်ကာ ထွက်လာခဲ့သည်....

စစ်ရဲ့ စိတ်ထဲမတင်မကျကြီး ဖြစ်နေတာ
ကြောင့် ညကလည်း သေချာအိပ်မရခဲ့..
အခုလည်း ကျောင်း canteen မှာ မလှုပ်မယှက်ထိုင်နေမိသည်....

"ဟေ့ကောင် အရိပ်စစ်....ဘာဖြစ်နေတာလဲ
...အေးချမ်းရော၊ စထိုင်ကတည်းက ငါပြော
သမျှကို အင်းမလုပ် အဲမလုပ်နဲ့ ဘာဖြစ်နေကြ
တာလဲ...."

"ဒီလိုပါပဲကွာ...."

အရှေ့မှာရှိနေတဲ့ ကော်ဖီအအေးခွက်လေး
မှာလည်း ရေသီးလေးများ စီးကျလို့နေသည်..

"ဘယ်အချိန်မှာ Depression ဝင်လဲသိလား"

သူရော ပြည့်စုံပါ အေးချမ်းထံအကြည့်
ပို့လိုက်ကြသည်...အေးချမ်းက အတော့်
ကို စိတ်မသက်သာတဲ့ မျက်နှာထားနဲ့
ထိုင်လို့နေတယ်....

"အဆံမရှိတဲ့ အချိန်မှာ Depression
အဝင်ဆုံးပဲ..ဘယ်လိုကော်ထုတ်တုတ်
မထွက်တော့ဘူး..ပိုက်ဆံကသာ ကယ်
တင်ရှင်ပဲ..."

Replace(completed)Tempat cerita menjadi hidup. Temukan sekarang