41.

5.1K 251 10
                                        

Zawgyi....

ညဉ့်နက်လောက်ထိ လသာဆောင်မှာ အအေး
ခံနေခြင်းရဲ့ ဆိုးကျိုးအနေနဲ့ ပြောစကားနား
မထောင်တဲ့ ကောင်ငယ်လေးဟာ ညလည်မှာ
ပဲ ရေနွေးတစ်အိုး ပွက်ပွက်ဆူနေတဲ့ အပူချိန်နဲ့
ပဲ ဖျားလို့လာပါတော့တယ်....

တစ်ညလုံး မအိပ်မနေ ရေဝတ်တိုက်ပေးနေ
ရတာကြောင့် မနက် ၆နာရီလောက်မှာ ခွန်းသစ်စရဲ့ မျက်ဝန်းတွေက အနည်းငယ် ပင်ပန်း
ဟန်ပြလို့နေပေမဲ့ ထိုလူသားမျက်နှာပေါ်က
စိုးရိမ်ပူပန်ခြင်းတွေက ပိုသာလို့ နေရာယူ
နေပြန်တယ်....

အနွေးငွေ့ အနည်းငယ်သာ ကျန်တော့တဲ့
နဖူးပြင်ပေါ်က လက်ဖဝါးကို အသာရုတ်ကာ
သန်းဝေမိလိုက်တဲ့ ပါးစပ်ကို အသာအုပ်ပြီး
နောက် ထရပ်လိုက်သည်...

ညက မျက်လုံးမဖွင့်ပေမဲ့ အတင်းအကျပ်
တိုက်ထားတဲ့ ဆေးအရှိန်ကြောင့် အိပ်ပျော်
လို့ နေတဲ့ ကောင်ငယ်လေးကို ထားရစ်ကာ
ဒီကောင်ငယ်လေး နိုးလာရင် အဆင့်သင့်
စားဖို့ ရှိနေစေရန် အစားအစာ တစ်ခုခု စီစဉ်ဖို့
အောက်ထပ်သို့ ဆင်းလာလိုက်သည်.....

အချိန်အနည်းငယ်အကြာမှာ အိုးထဲမှာ ပွက်
ပွက်ဆူလို့နေတဲ့ ဆန်ပြုတ်ထဲကို ကြက်သွန်
မြိတ် အပိုင်းအစလေးများ ဖြူးကာ သိပ်မကြာ
ခင်မှာပဲ မီးပိတ်လိုက်သည်.....

"ကလေး...."

ခြေသံဖွဖွနဲ့ အနားရောက်လာပြီး ခါးထက် ရစ်
သွယ်လာတဲ့ ဖြူဖွေးဖွေး လက်သွယ်သွယ်လေး နှစ်ချောင်းကို အုပ်ကိုင်လိုက်ချိန်မှာ
အနွေးဓာတ်က ခွန်းသစ်စထံပါ ကူးစက်လို့
လာသည်....

"ခေါင်းမူးနေမယ်လေ....ဘာလို့ ထလာတာလည်း...ပြန်သွားလှဲနေလိုက် ကိုယ် ဆန်ပြုတ်ပန်းကန်ယူလာခဲ့မယ်..."

ခပ်လေးလေးခါနေတဲ့ ခေါင်းလေးက သူ့ကျောကုန်းထက်မှာ လှုပ်ယမ်းလို့နေတယ်...

"ဟင့်အင်း...ဒီမှာပဲ စားမယ်...စစ်လေး အဖျား
ပျောက်သွားပါပြီဆို ဦးခွန်းရလည်း...မယုံရင်
စမ်းကြည့်ပါလား...ခေါင်းလည်း မမူးဘူး...."

ကျောကုန်းကနေ သိုင်းဖတ်ထားတဲ့ အရိပ်စစ်
ကိုယ်လေးက ခွန်းသစ်စ လှည့်လိုက်ချိန်မှာ ရင်ခွင်ထဲ အံ့ဝင်တကျ ရောက်လို့လာတယ်....

Replace(completed)Where stories live. Discover now