Zawgyi...
စားပွဲထက် ဘောပင်ဖင်ဖြင့် တစ်ထောက်
ထောက်ခေါက်ရင်း လှုပ်ရွနေသည့် စစ်ရဲ့
မျက်နှာလေးက ရှုံ့မဲ့နေလေသည်.....အိမ်မှာအေးအေးဆေးဆေးနေ နေသော
တစ်ဦးတည်းသောတူလေး အားယားနေ
သည်အား ကြည့်မရသည့် လူပျိုသိုးကြီး
ဦးငယ်က သင်တန်းတက်ခိုင်းလေသည်...ဂျပန်စာနဲ့အင်္ဂလိပ်စာမှာ အတော်ရေပတ်
ဝင်အောင် ပြောတက်နေပြီဖစ်သည်ဟု
ဆင်ခြေပေးမိသည်မှအစပြု၍ ချွန်တွန်း
ဦးခွန်းသစ်စ၏ အမြှောက်ကောင်းမှုကြောင့်
ကိုရီးယား စကားသင်ရန်အစပြုလေသည်...နေပြင်းသည်ကြောင့် အပြင်မထွက်ချင်ပါဘူး
ဟု ထပ်မံအထွန့်တက်မိရာ သဘောမနော
အလွန်ကောင်းလွန်းသည့် ဦးခွန်းသစ်စက
အိမ်တိုင်ရာရောက် လာရောက်သင်ပေး
မည်ဖြစ်သည်......ဦးငယ်ကတော့ သူ၏တူမောင်လေးအား
မညှာမတာ နှာဘူးအဘိုးကြီးထံတွင် ယုံ
ကြည်စိတ်ချစွာ အပ်နှံ၍ အလုပ်၏အရေး
ကြီးကိစ္စကြောင့်ပင် မနက်က အစောပိုင်း
လေယာဉ်နှင့်ပင် ပြန်သွားလေပြီးဖြစ်သည်...စစ် မှာတော့ဖြင့် စာရွက်တွေကို တစ်ရွက်
ခြင်းလှန်နေသည့် အရှေ့မှ အဘိုးကြီးအား
မကြည်ကြည့်နဲ့စိုက်ကြည့်နေခဲ့သည်မှာ
အတော်ပင် ကြာလေပြီဖြစ်သည်......"ကိုယ်ချောမှန်းသိပေမဲ့ အဲ့လောက်ကြီး
ကြည့်စရာမလိုဘူးလေ ကလေးရဲ့...."ကိုယ့်ဘက်ကိုယ်ယက်နေသည့်လိပ်အိုကြီး
အား ကြည့်မရသည့်အပြင် ၊ဦးငယ်မရှိ
တော့သည်နှင့်အခေါ်ဝေါ်ပြန်ပြောင်း
သွားသော အဘိုးကြီးကြောင့် မဲ့ရွဲ့ကာ
မျက်စောင်းထိုးပြလိုက်သည်..........."ကဲ...စသင်ရအောင်...ဒါဘာလဲ သိလား"
ဗလာစာအုပ် အပေါ်တွင် လှပစွာ ရေးလို့
ထားသည့် စာလုံးလေးကို စစ် ငုံ့ကြည့်လိုက်
သည်.......
"သိတယ်....."
"သိတယ်ဟုတ်လား..ဒါဆိုဘာလည်းပြောပါ
အုန်း...."အဘိုးကြီးက ဝမ်းပန်းတသာ မေးလာ
သည်မို့ စစ် အားပါးတရဖြေလိုက်သည်.....
YOU ARE READING
Replace(completed)
Romanceကျွန်တော့်စိတ်ကို ဘယ်စကားနဲ့မှ အ ရောင်မခြယ်ချင်ပါနဲ့တော့.... ခင်ဗျားကိုလွမ်းတိုင်း အလဲလဲအပြိုပြို ဖြစ်ခဲ့တဲ့ ကျွန်တော့်ကိုသနားပါ..... Myanmar BL..... own creation.... ကျွန်တော့်စိတ်ကို ဘယ်စကားနဲ့မှ အ ရောင်မခြယ်ချင်ပါနဲ့တော့.... ခင...