Zawgyi....
(N/ Hello တစ်ယောက်ယောက်ရှိသေးလား
အပိုင်းပို ရေးပေးမယ်ပြောပြီး မေ့နေတာရယ် sorry ခ😁😁)နေရောင်ခြည်ဟာ အပြင်းဆုံးအချိန်သို့ မကူးပြောင်းခင် အစဦးပူပြင်းမှုအား ထုတ်လွှတ်ချိန် မနက် ၁၀နာရီခန့်တွင် မီးဖိုခန်းထဲ၌ အရိပ်စစ် ပြာလောင်ခက်လို့နေသည်.....
ချစ်စဖွယ် ထမင်းချိုင့်လေးက စားပွဲထပ်တွင်
နေရာများစွာ ယူထားပြီး ပုံစံမကျသော စီစဉ်
မှုများဖြင့် ကြည့်မကောင်းသော ဟင်းတို့က
ပြုလုပ်သူ၏ ချစ်ခြင်းမေတ္တာအား အကောင်းဆုံး ဖော်ပြနိုင်ရန် ကြိုးစားနေကြသည်......."အား....နောက်ဆုံးတော့ ပြီးခဲ့ပြီ...."
ကျွန်းခုံထက်တွင် ချွေးစများနှင့် ခြေပြစ်လက်ပြစ် ထိုင်ချလိုက်ပြီးနောက် ပြင်ဆင်ထားသည့် ဟင်းပွဲများအား ပြုံးကာ ကြည့်နေမိသည်.....
"ကြက်ဥကြော်ရတာ အခက်ဆုံးပဲ...."
နောက်ဆုံး ဟင်းပွဲဖြစ်သော ကြက်ဥကြော်
မဲမဲလေးသည် ကြိုးစားအားထုတ်မှုအကြီး
မားဆုံး ဖြစ်ခဲ့သည်....
ထမင်းဖြူဖြူလေးပေါ်တွင် ကြက်ဥချောင်း
ကြော်၊ဘဲဥပြုတ် နှစ်ခြမ်းနှင့် ကြက်ဥကြော်
အမဲရောင်တို့အား လူမျက်နှာသဏ္ဍန် ပုံဖော်
ပြီးနောက် ထမင်းချိုင့် ပြင်ဆင်ခြင်း ပြီးဆုံး
ပြီဖြစ်သည်......ခွန်းသစ်စ သည် ရင်းနှီမြှပ်နှံမှုအသစ်နှင့်အတူ ပြန်လည်စတင်ခြင်း မကြာသေးသည့်
ကုမ္ပဏီ ကြောင့် ယခုအချိန်တွင် အပင်ပန်းဆုံး
အချိန် ဖြစ်လို့နေခဲ့သည်.....မနက်စောစော သွားရပြီး၊ညနက်မှ ပြန်လာ
ဖြစ်သည့် ဤအချိန်များတွင် အအိပ်မမှန်၊
အစားမမှန်ဖြစ်၍ အနည်းငယ် ပိန်လို့ သွား
သော ခွန်းသစ်စ ကြောင့် ယနေ့တွင်တော့
ထမင်းချိုင့် ကိုယ်တိုင်ပြင်ဆင်ကာ ကုမ္ပဏီ
သို့ သွားပေးရန် အရိပ်စစ် ဆုံးဖြတ်ခဲ့သည်...ဖူး.....
"အားလားလား.....နာလိုက်တာ....."
နီရဲလို့နေသည့် ဘယ်ဖက်လက်တစ်ခြမ်းလုံးအား လေ တစ်ဖူးဖူးမှုတ်ကာ အရိပ်စစ် ရှုံ့မဲ့လို့
နေသည်....
ကြက်ဥကြော်စဉ်က အိုးထဲမှ ခုန်ထွက်လာသည့် ဆီများက တံတောင်စစ်မရောက်မှီအထိ ဘယ်လက်တစ်ခြမ်းလုံး စိုစွတ်သွားခဲ့သည်
ကြောင့် ရဲရဲနီကာ ဆရာခို အစွမ်းဖြင့် ထိန်းထားရသည်.....
YOU ARE READING
Replace(completed)
Romanceကျွန်တော့်စိတ်ကို ဘယ်စကားနဲ့မှ အ ရောင်မခြယ်ချင်ပါနဲ့တော့.... ခင်ဗျားကိုလွမ်းတိုင်း အလဲလဲအပြိုပြို ဖြစ်ခဲ့တဲ့ ကျွန်တော့်ကိုသနားပါ..... Myanmar BL..... own creation.... ကျွန်တော့်စိတ်ကို ဘယ်စကားနဲ့မှ အ ရောင်မခြယ်ချင်ပါနဲ့တော့.... ခင...