30.

4.6K 298 13
                                        

Zawgyi.....

"ကျွန်တော်မလိုက်တော့ဘူး...ကိုကိုလေး"

ကိုကိုလေးနဲ့ မမသော် တို့နှစ်ယောက်က
အရိပ်စစ် ကို ထမင်းလိုက်ကျွေးပြီး ဆိုင်
ထဲက ပြန်အထွက်မှာပဲ အရိပ်စစ်က ဆိုင်
ရှေ့မှာ ရပ်လိုက်သည်....

မမသော်ကို အိမ်ပြန်ပို့ပေးမည်ပြောနေတဲ့
ကိုကိုလေးအကြည့်တွေက ဘေးက စစ်
ထံသို့ ကျရောက်လာသည်...

"ဘာလို့လည်း...စစ်လေး ဝယ်စရာရှိလို့
လား...မကြာရင် ကိုလေး အဖော်လိုက်ခဲ့
ပေးမယ်လေ...."

ကိုကိုလေး ကို စစ် ပြုံးကာ ခေါင်းခါပြ
လိုက်သည်...

"ရတယ် ကိုကိုလေး...ကိုကိုလေး အရင်
ပြန်နှင့်လိုက်ပါ ကျွန်တော်က နည်းနည်း
ကြာအုန်းမှာ...ခုနက မမသော်ကို သင်တန်း
သား အသစ်ရောက်တယ်လို့ ဖုန်းဆက်တယ်
ဆို အဲ့တာပဲ သွားလိုက်ပါ ကိုကိုလေး ရဲ့...."

"ဟုတ်ပြီ...ဟုတ်ပြီ ဒါဆို ကိုလေးတို့အရင်
ပြန်နှင့်လိုက်မယ်နော်... အပြန်ကြရင် ကား
ကိုဂရုစိုက်မောင်းအုန်းနော်..."

"ဟုတ်ပါပြီ...ကိုကိုလေးရဲ့..."

"ဒါဆို မမသော်လည်း သွားပြီနော် စစ်လေး"

နှုတ်ဆက်ကာ ထွက်ခွာသွားပြီဖြစ်သော
ကိုကိုလေး တို့အား မြင်ကွင်းထဲမှ ပျောက်
သည်အထိ ကြည့်လို့်ပြီးမှသာ စားသောက်
ဆိုင်ရှေ့က အရိပ်စစ် ထွက်လာခဲ့လိုက်သည်

ကိုကိုလေးရဲ့ ဂရုစိုက်မှုတွေက တစ်ခါတစ်
လေတော့လည်း တစ်စုံတစ်ယောက်ကို
သတိရစေပြန်သည်..

နှစ်တွေလည်းကြာလို့ သက်ဆိုင်သူနဲ့
ပျော်ရွှင်လို့နေမဲ့ တစ်စုံတစ်ယောက်ကို
သူ မလွမ်းသင့်တော့မှန်း သိခဲ့
ပေမဲ့လို့ပေါ့လေ....

မယ်မယ်ရရဝယ်စရာမရှိပေမဲ့လို့ တစ်ကူး
တစ်ကအပြင်မထွက်ဖြစ်တာလည်း ကြာပြီ
ဖြစ်တာကြောင့် market placeထဲ အရိပ်
စစ် လျောက်ပတ်နေမိသည်....

"ကိုကို...အဲ...အရိပ်စစ်....."

ကျောနောက်က ရင်းနှီးနေသည့်အသံကြောင့်
ဝိုင်ပုလင်းတွေကိုစိတ်ဝင်တစားကြည့်နေရင်း
မှ လှည့်ကြည့်လိုက်မိသည်....

Replace(completed)Donde viven las historias. Descúbrelo ahora