16.

5.8K 387 11
                                        

Zawgyi.....

"အီးဟီးဟီး....နာလိုက်တာ...ဦးခွန်း
အဲ့တာဦးခွန်းကြောင့်....ဦးခွန်းကို ကျွန်
တော်မကျေနပ်ဘူး....."

သာယာတဲ့ မနက်ခင်းစောစာကား ကျေး
ဌက်တိုရဲ့ သီကျူးသံနဲ့ လှပနေသလို....
ဆေးရုံခန်းလေးထဲမှာ အော်ဟစ် သောင်း
ကျန်းနေတဲ့ ကောင်လေးတစ်ယောက်လည်း
ရှိနေခဲ့သည်.......

"စစ်........"

စိတ်မရှည်သည့် ပုံစံဖြင့် အေးချမ်းက ခါး
စောင်းအားကိုင်ကာ အော်နေသည့် စစ်
ကိုခေါ်လိုက်သည်....စစ်က အော်ဟစ်နေ
သည်ကို ခေတ္တရပ်ကာ အေးချမ်းကိုကြည့်
လိုက်သည်......

"နင့်ပုံစံကလေ မွေးခါနီး ဗိုက်ကြီးသည်က
ဗိုက်နာလွန်းလို့ သူ့ယောက်ျားကို အော်
ဟစ် အပြစ်တင်နေတဲ့ အတိုင်းပဲ...."

စစ် အော်ဟစ်နေသည်ကြောင့် ထိုင်မရ၊
ထမရ ဖြစ်နေသည့် ခွန်းသစ်စ တစ်ယောက်
အခုမှ အေးချမ်းအပြောကြောင့် ရယ်နိုင်
တော့သည်......

စစ် ကတော့ ခွန်းသစ်စ ကို စိုက်ကြည့်ကာ
ပို၍ ဆူပုတ်လာသည်......

"ကလေးရယ် ကိုယ်လည်း ဘာမှမလုပ်ရပါ
လား.....ရေချိုးခန်းထဲ ချော်လဲလို့ ဆေး
ရုံကို ခေါ်လာပေးတာလေကွာ...."

"ဦးခွန်း ပေးတဲ့ အိမ်စာတွေ မပြီးလို့ ကျွန်
တော့်မှာ ရေလည်းမချိုးနိုင်၊အိပ်လည်းမ
အိပ်နိုင်ဖြစ်နေတာလေ...အခုတော့ ရေ
ချိုးခန်းထဲမှာ ငိုက်ပြီး ချော်လဲလို့ ခါး
ထိ သွားပြီ၊ ဟင့် ပြန်မကောင်းတော့ဘူး ဆို
ဘယ်လိုလုပ်မလဲ လို့...."

ခွန်းသစ်စ အား နှုတ်ခမ်းလေးဆူကာ ရစ်
နေသည့် စစ် နှင့် စစ် အား မျက်နှာငယ်
လေးနဲ့ တောင်းပန်နေရှာသည့် ခွန်းသစ်စ
တို့ကို အေးချမ်းလက်ပိုက်ရင်း ကြည့်နေသည်..

"ငါ့မှာတော့ ငါ့သူငယ်ချင်းလေး ပြစ်ထားတာ
ကြာလို့ ပျင်းနေလောက်ပြီ ထင်တာ နင်က
ရစ်ဖို့တစ်ယောက်တွေ့ထားတဲ့အပြင် သာယာ
နေတယ်ပေါ့....ပိုမနေနဲ့ နင့်ကျောက တစ်
ပတ်လောက်နေရင် ပျောက်သွားမှာလို့ ဆရာ
ဝန်ပြောသွားတယ် မဟုတ်လား...သောက်ပို
က သိပ်လုပ်တယ်...."

အေးချမ်း စိတ်တိုတိုနဲ့ ထဟောက်မှ အရှေ့က
အချစ်ဌက်နှစ်ကောင် ငြိမ်သွားတော့သည်....
ဒီနှစ်ယောက် ဘယ်တုန်းက ဒီလောက်တောင်
ရင်းနှီးသွားတာပါလိမ့်.....

Replace(completed)Dove le storie prendono vita. Scoprilo ora