Zawgi......
သုံးနာရီလောက်မောင်းပြီးချိန်မှာတော့
သူတို့ရဲ့ကားလေးက ချောင်းသာကမ်းခြေ
သို့ ရောက်ရှိလို့လာသည်...."ဒီမှာကောင်လေး...မင်းဆင်းမှာလား
တံခါးဖွင့်ပြီးကားပေါ်က ငါကန်ချလိုက်
ရမလား..."အတင်းလှုပ်နှိုး ခြင်းခံနေရသည့်အပြင်
ဂရုဏာရှင်ဆန်ဆန်အပြောများကြောင့်၊
အိပ်ချင်နေဆဲမျက်လုံးများကို အတင်း
ပြူးပြဲရင်းကြည့်တော့မှ၊ ကမ်းခြေပင်ရောက်
နေလေပြီဖြစ်သည်။ ကားပေါ်မှာတော့ သူနဲ့လူ့ဂွ
စာနှစ်ယောက်ထဲသာ....ကားတံခါးကိုဆွဲဖွင့်ရင်းဆင်းလိုက်တော့
ညအချိန်ကမ်းခြေရဲ့ ခပ်အေးအေးလေ
ထုက တီရှပ်လက်ရှည်ပေါ်ဆွယ်တာ ထပ်
လို့ထားသည့် သူခန္ဓာကိုယ်လေးအား အ
နည်းငယ်ကျုံ့ကွေးစေသည့်အပြင် လေနု
နုကြောင့်အိပ်ချင်စိတ်က ပို၍ကြီးထွားလာ
သည်မို့ အနီးအနားသို့ရောက်လာသော
သစ္စာပုခုံးထက်၊ သူ့ခေါင်းကိုမှီရင်း လက်
တစ်ဖက်အားမှီတွဲထားလိုက်သည်........."ခ်ခ် ကိုကလည်းကလေးလေးကျနေတာ
ပဲ အိပ်ချင်နေတုန်းပဲလား...."သစ္စာပုခုံးထက်သူ့ခေါင်းလေးကို ခပ်လေး
လေးသာ လှုပ်ပြဖြစ်သည်.....ဧည့်ကြိုနေရာရောက်တော့ လူဂွစာကြီး
နှင့်ပြည့်စုံ ကသာဦးဆောင်အခန်းဌားနေ
သည်ကို စင်းနေသောမျက်လုံးများအောက်
မှတွေ့လိုက်ရသည်....."ပြီးပြီ လာ သွားကြမယ် ဟိုကောင်ညီထွဠ်
လာ အဲ့မှာမှီပြီးအိပ်မနေနဲ့...အခန်းထဲ
ရောက်မှသေချာအိပ်တော့ ၊အေးချမ်း အဲ့
ဒီကောင်ကို တစ်ချက်လောက်ဆွဲစိတ်
လိုက်စမ်းပါ မျက်လုံးကျယ်သွားအောင်လို့""ကားသော့ ငါ့ကိုပေးထားလိုက် မနက်သွား
ယူပေးလို့ရအောင်....""ဟာ...အဲ့လိုလုပ်ပေးလို့ရလားအကို...
ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်.......
စစ် ကားသော့ပေး...""ဟင်...အင်း....ဒီ ဒီမှာ..."
စစ် အိပ်ချင်မူးတူးနှင့်ပင် ဟိုစမ်းဒီစမ်းလုပ်
ရင်း ပါလာသော သော့လေးကိုလှမ်းပေး
လိုက်သည် မျက်လုံးများကတော့မဖွင့်သေး
YOU ARE READING
Replace(completed)
Romanceကျွန်တော့်စိတ်ကို ဘယ်စကားနဲ့မှ အ ရောင်မခြယ်ချင်ပါနဲ့တော့.... ခင်ဗျားကိုလွမ်းတိုင်း အလဲလဲအပြိုပြို ဖြစ်ခဲ့တဲ့ ကျွန်တော့်ကိုသနားပါ..... Myanmar BL..... own creation.... ကျွန်တော့်စိတ်ကို ဘယ်စကားနဲ့မှ အ ရောင်မခြယ်ချင်ပါနဲ့တော့.... ခင...