17.

5.7K 391 21
                                        


Zawgyi.....

"ဘာတွေလုပ်နေတာလဲ ကလေး..."

အိမ်ထဲဝင်လာတဲ့ ခွန်းသစ်စက TV ဘေးက
ပလက်ပေါက်မှာ ပလက်ထိုးထားတဲ့ မီးပူလေး
နဲ့ အရှေ့မှာရှိနေတဲ့ ခုံပုလေးပေါ်က အဝတ်
ကို မီးပူတိုက် နေတဲ့ စစ် ကို တစ်အံ့တစ်သြမေး
လိုက်မိတယ်....

"မီးပူတိုက် နေတာ တွေ့ရဲ့သားနဲ့ ဘာလုပ်
နေတာလည်းလို့ မမေးနဲ့လေ...ဦးခွန်းရာ
ဒီမှာ စိတ်တိုနေတာနော် မတိုက်တက်ပါဘူး
ဆို...."

နှုတ်ခမ်းလေးဆူရင်း ပြန်ရန်တွေ့နေတဲ့ စစ်
က အခုမှစတိုက်သည့်ပုံပါပဲ။မျက်နှာမှာလည်း
ချွေးအတော်စို့နေပြီဖြစ်သော စစ် မျက်နှာလေး
က အတော့်ကို စိတ်မသက်မသာ ဖြစ်နေပုံပါပဲ.

"ကြီးပျို ရောကလေး၊ ဘယ်သွားလို့လဲ"

စစ် က မီးပူကို အဝတ်ပေါ် အပြားလိုက်တင်
လိုက်ပြီး ကလေးငယ်တွေ ကျောင်းမှာဖြစ်ခဲ့
သမျှ အိမ်ရောက်ရင် မိဘတွေကို ပြန်တိုင်သ
လို တိုင်ဖို့ပြင်နေပြန်တယ်...

"ကြီးပျို ပေါ့ ရွာက အမေအိုကြီး နေမကောင်း
လို့ တစ်ပတ်လောက်တော့ ပြန်မယ်တဲ့ သူညီမ
တစ်ဝမ်းကွဲလည်း နှစ်လမ်းကျော်မှာ လုပ်နေတာ ဆိုလား....ဟင်းချက်၊မီးပူတိုက် သူလာ
လုပ်ပေးမယ်ဆိုပြီး ပြောသွားတာပဲ...သူ့ညီမ
ဆိုတဲ့ လူက နှစ်ရက်တောင်ရှိနေပြီ ပေါ်မလာ
တာ မနက်ဖြန်ပဲ ကျောင်းတက်ရတော့မယ်...
ပုံနေတဲ့ အဝတ်တွေ နဲနဲပဲ ဖြစ်ဖြစ် တိုက်ကြည့်
နေတာ...ဟင့် ခါးကလည်း နာနေတဲ့ဟာကို"

ငိုမဲ့မဲ့နဲ့ လှမ်းတိုင်နေတဲ့ စစ် က နှာခေါင်း
လေး ရှုံ့ရင်း တစ်ခုခုကို အနံ့ခံနေပြီးမှ အ
ချိန်အတော်ကြာ ချထားတဲ့ မီးပူ လေးကို
ကောက်မလိုက်တယ်....

"ဟာ...သွားပါပြီ....ကျွမ်းသွားပြီ..
ဦးခွန်းရေ ဘယ်လိုလုပ်မလဲလို့......."

အဝါရောင်တီရှပ် လေးရဲ့ ကျောပေါ်က
အကွက်ကြီးကို ကြည့်ပြီး အစကတည်းက
ငိုမဲ့မဲ့ဖြစ်နေတဲ့ စစ် မျက်နှာက တစ်ကယ်
ကို အားပါးတရ ငိုချလိုက်တော့မဲ့ ကလေး
လေးတစ်ယောက်လိုဖြစ်လာတယ်။

"ဖယ်တော့..ကလေး...ဆိုဖာမှာ သွား
ထိုင်နေ...ကိုယ်တိုက်ပေးမယ်"

Replace(completed)حيث تعيش القصص. اكتشف الآن