36.

5K 326 16
                                        


Zawgyi......

တစ်ကယ်ပဲ တစ်သက်လုံး
မတွေ့ဖြစ်ကြတော့ရင်လို့တွေးမိရင်
ကမ္ဘာပျက်မှာထက်ကျွန်တော်ကြောက်တယ်...

ဘယ်လိုလုပ်ပြီး မေ့ပြစ်နိုင်ရမှာလဲ
မပြောင်းလဲနိုင်တဲ့ ကျွန်တော်ဖြစ်နေလို့ပဲ
ခင်ဗျားကို ဘယ်လို စွန့်လွှတ်နိုင်မှာလဲ..

ကျွန်တော့်ကို ဆွဲထားသင့်တယ်...
ခင်ဗျားဘက်ကသာ အရင်ဆွဲထားခဲ့ရင်၊
မပြောနိုင်ခဲ့လို့ ကျွန်တော်နောင်တရတယ်

နောက်ဆုံး ဝမ်းနည်းနေတဲ့ မျက်နှာလေးက
အားလုံး ကျွန်တော့်ကြောင့်ဆိုတာ သိနေပေမဲ့လည်း

"စစ် ရူးနေတာလား...."

ဆိုင်အပြင်ဖက် တစ်နေရာကို ငေးနေတဲ့
အရိပ်စစ်ကို ထိုအချိန်က သစ္စာ တစ်ယောက်
ဒေါသတကြီး အော်ဟစ်ခဲ့သည်....

"စစ် နင်ဘာဖြစ်ချင်နေတာလည်း....
ဘာလို့သူပြောတာကို ဆုံးအောင်နားမ
ထိုင်ပဲ အဲ့လိုပြောလွှတ်လိုက်ရတာလည်း
ဒီနှစ်ယောက်နဲ့တော့စိတ်ညစ်လိုက်တာ..."

"အချင်းချင်း ပွင့်ပွင့်လင်းလင်းမှ မရှိကြတာ
အခုတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေး
ထွက်ကြပြီ... စစ်နဲ့ သစ္စာကို ကိုခွန်း
သစ်စက လင်မယားလို့ ထင်နေတာ နင်က
တမင်မရှင်းပြတာ မဟုတ်လား...."

ငြိမ်သက်နေတဲ့ အရိပ်စစ်အား ကြည့်ကာ
အားမလိုအားမရနဲ့သာ သစ္စာ သက်ပြင်း
ချနိုင်တော့သည်.....

"စစ် မနေ့က အပေါ်တက်သွားတုန်း
က ဧည့်ခန်းထဲမှာ ကိုခွန်းသစ်စနဲ့ သစ္စာ
ကျန်ခဲ့တုန်းကလေ သစ္စာတို့လင်မယားမဟုတ်
တဲ့အကြောင်းကိုရှင်းပြပြီးပြီ.အဲ့တုန်းက ကို
ခွန်းသစ်စ ဘယ်လောက်ပျော်သွားလည်း
စစ် သိလား...."

"အသုံးမှမဝင်တော့တာပဲ သစ္စာရယ်...."

သစ္စာကတော့ သက်ပြင်းအခါခါချလျက်..
အေးချမ်းတို့က ငြိမ်သက်ကာသာနားထောင်
လို့နေကြသည်...

"နေအုန်း...သစ္စာပြောတာ ဆုံးအောင်နား
ထောင်အုန်း.....ကိုကို မေးဘူးလား...မမ
နွယ်က ကိုခွန်းသစ်စ မိန်းမရယ်လားလို့
လေ...တစ်ခါမှမမေးဖူးဘူး မဟုတ်လား..
ကိုယ့်ကိုယ် ထင်မြင်ယူဆပြီး.....ဟား......"

Replace(completed)Donde viven las historias. Descúbrelo ahora