5.

8.4K 571 25
                                        

Zawgi....

တစ်ဖောက်ဖောက်မြည်ဟီးလျက်
အရှိန်ပြင်းပြင်းတောက်လောင်လို့နေ
သည့် မီးတောက်မီးလျှံ လေးများကို
မျက်တောင် မခတ်ကြည့်နေရင်းမှပင်
မီးစာနဲကာ အရှိန်လျော့လို့သွားသော
မီးပုံငယ်....

"ပြည့်စုံ ထင်းလေးနဲနဲလောက် ထပ်ထည့်
လိုက်အုန်းလေကွာ..."

အေးချမ်းကိုခေါင်းညိမ့်ပြပြီးနောက်တွင်၊
အနောက်လှမ်းလှမ်းက ထင်းတစ်ချို့ကို၊
ပြည့်စုံယူကာ မီးပုံထဲပစ်ထည့်လိုက်လေသည်...

ညီထွဠ်တစ်ယောက် လက်ထဲက ဂစ်တာ
ဖြူဖြူလေးကို ကြိုးညှိနေသည်မှာ မပြီးနိုင်မ
စီးနိုင်တော့တာကြောင့် စစ် အနဲငယ်တော့
ဒေါပွချင်လာသည်.....

"ငထွဠ် ဒီည မင်းဂစ်တာ ကြိုးညှိလို့ပြီး
အုန်းမှာလားကွ ဟမ်...."

"အင်းလေ...ညီထွဠ် နင်မြန်မြန်လုပ်လို့
မရဘူးလား...ငါသီချင်းဆိုချင်နေပြီဆို.."

စစ် ညီးညူသံကို သစ္စာကပါ အဖော်လိုက်
ကာ ဝင်ဟောက်လို့နေပြန်တယ်.....

"ဒီသမီးရည်းစားနှစ်ယောက်ကတော့ သူများ
ကို အပြစ်တင်ဖို့ဆို တစ်လေသံထဲပဲ.....
ငါ့ကိုအပြစ်ပြောမနေပဲ မင်းလာလုပ်ပါလား
စစ်....."

"ဟ....ဒီကောင်မှ မတီးတက်ပဲ...သက်
သက်ဟောက်စားလုပ်နေတာ အသိသာကြီး"

"အေးချမ်းနော် နင် ကိုကို့ ကိုဆို အပြစ်ပြော
မယ်ဆိုတာကြီးပဲ...."

"မဟုတ်လို့လား.....နင့် လူက#*"

စကားနပန်းသတ်လို့နေသည့် အေးချမ်းနဲ့သစ္စာ
ကို သူမျက်နှာလွှဲကာ ခပ်လှမ်းလှမ်းက လ
ရောင်အောက် လှပလို့နေသည့် ပင်လယ်ပြင်
ကြီးကို ငေးကြည့်နေလိုက်သည်.....

တဖြူးဖြူး တိုက်ခက်လို့နေသည့် လေနုအေး
သည် ပင်လယ်ကမ်းခြေ၏ နေလည်ခင်းလေ
ထုနှင့်ကွာခြားစွာ အေးစိမ့်စိမ့်နိုင်လှသည်.....

တစ်ဖက်တစ်ချက်တွင်လည်း ညီထွဠ်က
ဂစ်တာကြိုးမပြီးနိုင် မစီးနိုင်ညှိလျှက်၊ပြည့်
စုံကတော့ မီးထည့်လိုက် သူကိုယ်တိုင်ဖျော်
လာသည့် ကော်ဖီလေးသောက်လိုက်နှင့်
သာယာလို့နေလေသည်......

Replace(completed)Where stories live. Discover now