38

4.9K 304 11
                                        

Zawgyi...

အတူတူ ပျော်ရွှင်ဖူးချင်တယ်
အတူတူ နာကျင်ဖူးချင်တယ်
အတူတူ အိုမင်းသွားချင်တယ်
ဘယ်အရာမဆို မင်းနဲ့အတူလေ

........ဆိုတဲ့ ဖရော်ဖန် ရဲ့ စာသားလေးလိုပါပဲ
အရာရာတိုင်းအတွက် မင်းဖြစ်နေဖို့ပဲ လိုအပ်
ခဲ့တာပါ.....။

စဉ်းစားရန် အချိန်လိုအပ်သည်ဟု ဆိုကာ
အဲ့နေ့က ကော်ဖီဆိုင်ကလေးထဲက အရင်
ဦးအောင် ထပြန်ခဲ့တဲ့ အရိပ်စစ် ကျေနပ်
အောင် ခွန်းသစ်စက အမျိုးမျိုး လုပ်ပြခဲ့အပြီး
၅ရက်မြောက်နေ့မှာတော့ စကားကောင်း
ကောင်းပြန်ပြောလာသလို၊ အရိပ်စစ်ရဲ့ အိမ်
သို့လည်း ပြန်လည်ဝင်ထွက်ခွင့်ရနေပြီ ဖြစ်
သည်......

ဒီကနေ့ မနက်စောစောတွင်လည်း အရိပ်စစ်
ကြိုက်တက်သည့် နန်းကြီးသုတ် အား ကိုယ်
တိုင်ပြင်ဆင်လာပြီးမှ ခွန်းသစ်စ ရောက်လာ
ခဲ့သည်......

"သခင်လေးမှာလည်း စောင့်ရှောက်ပေး
နိုင်မဲ့ လူတစ်ယောက်ရှိနေပြီပဲလေ...ကြီး
ပျိုလည်း အသက်ကြီးပြီဆိုတော့ ကိုယ့်
ရပ်ရွာမှာပဲ ခေါင်းချချင်တယ်....အခုလို
တာဝန်မကျေနိုင်လို့....ကြီးပျို တစ်ကယ်
စိတ်မကောင်းပါဘူး...."

အပေါက်ဝဘက် ကျောပေးထားတဲ့ အရိပ်စစ်
ကျောပြင်ကို တောင်းပန်ရိုကျိုးသည့် အကြည့်
များဖြင့် ကြည့်ကာ ပြောနေသည့် ကြီးပျို အသံ
ကြောင့် ခွန်းသစ်စ အသံမပြုတော့ပဲ ငြိမ်လိုက်
မိသည်.....

"ဒါပေမဲ့....ကျွန်တော့်အနားမှာ ဘယ်သူမှ
ရှိမနေတော့ဘူးလေ....ကြီးပျိုရယ်.....ကြီး
ပျိုပါ ထွက်သွားရင် ကျွန်တော်....."

အနားသတ်အသံများ တိုးဝင်ပျောက်ကွယ်
သွားပြီး ပုခုံးနှစ်ဖက်တသိမ့်သိမ့်တုန်နေ
သည်ကြောင့် အရိပ်စစ် ငိုနေပြီမှန်း ခွန်းသစ်
စ နားလည်လိုက်သည်.....

"ကြီးပျိုက အသက်ကြီးပြီ၊ တစ်ချို့ကိစ္စ
တွေမှာ မသိချင်ယောင်ဆောင်နေပေမဲ့လည်း
သခင်လေးကို တစ်သက်လုံးစောင့်ရှောက်ခဲ့
တာပဲ....ကြီးပျိုသိသင့်သလောက်ထက် ပို
ပြီး သိပါတယ်....."

"သခင်လေးတို့ အခက်အခဲတွေ ရင်ဆိုင်
ရမယ်ဆိုတာ သိပေမဲ့ ကြီးပျိုကတော့
အကိုလေး ခွန်းသစ်စက သခင်လေးကို
ကာကွယ်ပေးနိုင်မယ်လို့ ယုံတယ်...အဲ့
တာကြောင့်လည်း ကြီးပျို စိတ်ချလက်ချ
ထားခဲ့နိုင်တာပေါ့ကွယ်...."

Replace(completed)Where stories live. Discover now