28.

4.6K 305 12
                                        


Zawgyi....

နေသားကျသွားလိမ့်မယ် ဆိုတဲ့ စကားတွေ
အတွက် ကျွန်တော်အဆင်သင့်မဖြစ်သေးဘူး၊
လုံလောက်တဲ့အတိုင်းအတာ မရှိသေးတာ
လည်း ဖြစ်နိုင်ပါတယ်...

~နောက်တစ်ခေါက် မတွေ့နိုင်တော့တာ သေချာတယ်....
~ဘယ်လိုဖြစ်ဖြစ် တို့ချစ်ခဲ့တာပဲ

မကြာခင် သီတင်းကျွတ်လကို ရောက်တော့
မှာဖြစ်တာကြောင့် မိုးလေအနည်းငယ် ကင်း
လွတ်နေပြီဖြစ်သည်၊
လရောင်အချို့ ဖြာကျလို့နေတဲ့ ခြံထဲက မြက်
ခင်းပြင်ပေါ်မှာ လှဲချရင်း ဝန်းဝိုင်းနေတဲ့
လမင်းကြီးအား ငေးမောကြည့်နေမိခဲ့သည်...

ပထမဆုံး အချစ်၊လုံလောက်တဲ့ အတိုင်း
အတာ တစ်ခုအထိ ကို ရှိခဲ့တဲ့ ပတ်သတ်မှု
တွေက လွယ်လွယ်ကူကူမေ့ပြစ်လိုက်ဖို့ သူ့
အတွက် အတော်ခက်ခဲပါသည်....

စာမေးပွဲတွင်းမို့ စာကိုအာရုံထားကာ အ
ခြားအရာများ ကြိုးစားလျစ်လျူ ရှူနေသည်
ဆိုဦးတော့ တိုက်ဆိုက်မှုတွေ မရှိတောင်
တစ်ကူးတစ်က သတိရရပါသည်....

မဖိတ်ခေါ်ပဲ ကျွန်တော့်ဘဝထဲ ဝင်လာခဲ့သူ
က ကြိုးပြတ်စွန်လို အထိန့်အကွတ်မဲ့စွာ
ကျွန်တော့်ဘဝအား ထားရစ်ခဲ့သည်....

~လမ်းတစ်ဝက်မရောက်ခင် ခုချိန်လေးမှာပဲ
~နင်ထားခဲ့တယ်...

"သခင်လေး....အိပ်တော့လေ မနက်ဖြန်
စာမေးပွဲက နောက်ဆုံးနေ့မဟုတ်လား.."

အနားရောက်လာကာ လာသတိပေးတဲ့
ကြီးပျိုကို ခေါင်းညိမ့်ပြလိုက်ပြီးနောက်မှာ
အရိပ်စစ်က အိမ်ထဲဝင်သွားလေသည်....

အချိန်ရှိတိုင်း ငူငူငိုင်ငိုင် စကားပြောမရှိ
တော့တဲ့ အရိပ်စစ်က ခွန်းသစ်စရဲ့ ဆက်
သွယ်မှုကို တိတ်တဆိတ် စောင့်မျှော်နေ
ခြင်းကလွဲလို့ ဘာကိုမှ အရေးတယူ မလုပ်
ခဲ့ပါဘူး....

~နောက်တစ်ခေါက် နင့်ကိုတွေ့ချင်နေပေမဲ့
~ဘယ်လိုဖြစ်ဖြစ် မေ့ပြစ်ရမှာပဲ

တစ်ကြိမ်မှ ထပ်ပြီး ဆက်သွယ်မလာခဲ့ဘူး
ကျွန်တော် သူ့ကိုစောင့်နေတာ
တောင်းပန်ပါတယ် ရယ်လို့ တစ်ခါလောက်
ပဲ ပြောပြီး ကျွန်တော့်ဆီ ဆက်သွယ်ပေးပါ
ကျွန်တော် သူ့အသံလေးကို ကြားရရင်တောင်
ကျေနပ်ပါတယ်..
ကျွန်တော် ဦးခွန်းကို လွမ်းတယ်....

Replace(completed)Where stories live. Discover now