Zawgyi....
"အီး.....အခုမှပဲ အညောင်းပြေတော့
တယ်...ဟီးဟီး..."အရှေ့က ရပ်ကာ သွားလေးစိရင်း
ရယ်နေသည့် စစ်ရဲ့ ခေါင်းလေးကို
ခွန်းသစ်က ခပ်ဖွဖွ ဆွဲဖွလိုက်သည်။"ကဲ ဘယ်လိုလဲ...ရုပ်ရှင်လိုက်ပြပါ
ဆိုပြီး အတင်းဂျီကျခဲ့တာလည်း သူ
ပဲ..နိုင်ငံတော်အလံကို အလေးပြုပြီး
ပြန်ထိုင်ကတည်းက အိပ်တာလည်း
သူပဲ...ဇာတ်လမ်းကိုရော သိလိုက်ရဲ့
လား....""ခွန်းခွန်း ရလည်း ဇာတ်လမ်းကြီး
က ပြင်းဖို့ကောင်းတာကိုလို့...နောက်
တစ်ခါကျရင်တော့ ပျင်းဖို့မကောင်း
တာပဲ ကြည့်ကြမယ်လေနော်....."အိပ်ပျော်သွားလို့မစားရသေးတဲ့
ပေါက်ပေါက်ဗူးထဲက ပေါက်ပေါက်
တစ်ခုကို ကောက်ဝါးရင်း စစ် က
အဖြေပေးလို့လာတယ်။"ခင်ဗျားလေးသဘောပါပဲနော်...ဒါနဲ့
ခွန်းခွန်း ဆိုတာကြီးကို ခေါ်ပြန်
ပြီ..ဒီကလေးတော့ ..."ခွန်းသစ်ကို ဘာလုပ်ချင်လဲဆိုသည့်
အကြည့်နဲ့ မကြောက်မလန့် စစ် တစ်
ယောက် မျက်လုံးလေး လှန်ကြည့်လို့
လာသည်။"ပေး...အဲ့တာကြီး ပျော့နေပြီ မဟုတ်
လား...ပစ်လိုက်တော့...စားချင်ရင်
နောက်တစ်ဗူးဝယ်ပေးမယ်..လာ...."စစ် လက်ထဲက ပေါက်ပေါက်ဗူးကို
လှမ်းယူလိုက်ပြီး အနားက အမှိုက်
ပုံးထဲကို ပစ်လိုက်သည်။"တော်ပြီ....မဝယ်နဲ့တော့...အိမ်
ရောက်မှ ထမင်းစားတော့မယ်..
အခုပဲ ၁၀နာရီထိုးတော့မယ်....ပြန်
ရအောင် လာ...."အင်္ကျီလက်စလေးကို လာဆွဲကာ
လှည့်ပြန်ဖို့ပြင်နေတဲ့ စစ်ရဲ့ ခေါ်ရာ
နောက်ကို မလိုက်ပဲ ခွန်းသစ် ငြိမ်
နေသည်။"ဦးခွန်း ဘာလို့လဲ...."
စစ်ရဲ့ လက်ဖဝါးလေးကို ခပ်ဖွဖွ ကိုင်
လိုက်တော့ မျက်လုံးပြူးကာ ပါးစပ်
လေးဟလျက် စစ်က ကြောင်ကြည့်နေသည်။"လာ....သွားရအောင်..."
အရိပ်စစ် ဟိုကြည့်၊ဒီကြည့်နဲ့ ခွန်းသစ်
ဘေးက မျက်နှာလေးနီလျက် ပါသွား
လေသည်။"စစ်...."
Junction square အရှေ့မှာ လက်ကိုင်
လျက်အနေအထားနဲ့ စစ် တို့နှစ်ယောက်
ကို အရှင်လတ်လတ်မြင်လိုက်ရသည့်
အေးချမ်းတစ်ယောက် မျက်လုံးပြူးကာ
ဆွံ့အလို့နေလေသည်။
YOU ARE READING
Replace(completed)
Romanceကျွန်တော့်စိတ်ကို ဘယ်စကားနဲ့မှ အ ရောင်မခြယ်ချင်ပါနဲ့တော့.... ခင်ဗျားကိုလွမ်းတိုင်း အလဲလဲအပြိုပြို ဖြစ်ခဲ့တဲ့ ကျွန်တော့်ကိုသနားပါ..... Myanmar BL..... own creation.... ကျွန်တော့်စိတ်ကို ဘယ်စကားနဲ့မှ အ ရောင်မခြယ်ချင်ပါနဲ့တော့.... ခင...