42.

10.1K 287 10
                                        

Zawgyi....

တစ်ရက်၊နှစ်ရက် မကတော့ပါ။ဆင်ကော်လို
ကပ်နေတဲ့ ထိုလူကြီးကြောင့် အရိပ်စစ် အလုပ်
ကိုပင် မသွားရတာ အတော်ကြာပြီဖြစ်သည်...
သူကိုယ်တိုင် နေမကောင်းဖြစ်နေခဲ့တာကြောင့်
လည်း ပါပေမဲ့ပေါ့လေ...

ဒီကနေ့တော့ ဝံပုလွေဆိုးကြီးကို ချော့မြူပြီး
အဆင်ပြေပြေပဲ ဆိုင်သွားခွင့်ရခဲ့သည်...
သို့ပေမဲ့ နေ့တစ်ဝက်သာ ပါမစ် ရခဲ့တယ်ပေါ့
လေ...

ဆိုင်ရောက်တော့ မရောက်တာကြာနေပေမဲ့
လည်း စိတ်ချရတဲ့ အလုပ်သမားတွေကြောင့်
ပဲ သူမရှိလည်း အဆင်ပြေပြေပဲ ဆိုင်လေးက
လည်ပတ်နေသည်...

နောက်ပြီး၊ အေးချမ်းတို့နဲ့ စပ်တူ ဖွင့်ထား
တဲ့ cafe လေးကို အပြန်မှာ ခဏဝင်ခဲ့သေး
သည် ...
သက်သေရှာမရပေမဲ့ cafeဆိုင်ထဲက လေထု
က ထူးစမ်းနေတယ်လို့ အရိပ်စစ် ထင်နေမိ
သည်...
အလုပ်သမား ကောင်လေးတွေကို မသိမသာ
အစ်အောက်ကြည့်ပေမဲ့လည်း သိသိသာသာ
ကြီး ရှောင်ရှားနေတာကို သိလိုက်ရပေမဲ့ အိမ်
ပြန်ချိန်လည်း ရောက်နေပြီမို့ အရိပ်စစ် ထွက်လာခဲ့လိုက်သည်...

အပြန်လမ်းမှာ မြို့ထဲက ဆိုင်တစ်ဆိုင်ကပဲ
ခွန်းသစ်စ ကြိုက်တဲ့ မုန့်ဟင်းခါးတစ်ပွဲကို
မျက်နှာလိုမျက်နှာရဝယ်ခဲ့သေးသည်....

"စစ်.ပြန်လာပြီ... ဦးခွန်း"

အပေါက်ဝကနေ ခပ်ကျယ်ကျယ်အော်ပြီး
ဝမ်းသာရွှင်မြူးစွာနဲ့ အရိပ်စစ်က အိမ်ထဲဝင်လာခဲ့သည်..သို့ပေမဲ့လည်း ဧည့်ခန်းထဲမှာ
ထိုင်နေတဲ့ လူသုံးယောက်ကို တွေ့လိုက်ရပြီး၊ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေ
ထုတ်လွှတ်နေတဲ့ မျက်နှာထားတင်းတင်းနဲ့ ထိုင်
နေတဲ့ ခွန်းသစ်စ အပြင် နဲနဲငယ်တဲ့ အမျိုးသမီး
က အရိပ်စစ်လည်းသိတဲ့ မမနွယ်....

ဘေးတစ်ဖက်သာ မြင်နေရတဲ့၊ အရိပ်စစ် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးတဲ့ သက်လတ်ပိုင်း အမျိုးသမီးကြီးကတော့ ယခုမှ အရိပ်စစ် ရှိရာဆီ လှည့်ကြည့်လို့လာတယ်..
လှပတဲ့ အသားအရည်နဲ့ နဂိုရှိရင်းစွဲအသက်
ထက် နုနယ်ပုံပေါ်တဲ့ မျက်နှာကျထက်မှာ
အေးစက်တဲ့ မျက်နှာထား တည်တည်သာ ရှိလို့နေတယ်...

Replace(completed)Donde viven las historias. Descúbrelo ahora