Zawgyi...
"အေးနော်...ကျောင်းဖွင့်မှ လှည်းတန်းသွား
မယ်တို့၊မြင်းတန်းသွားမယ်တို့ လာလုပ်ကြည့်
ပြောတဲ့ကောင် ဆောင့်ကန်မှာနော်...မအား
ကြနဲ့လဒတွေ...."စစ်တစ်ယောက် စိတ်ပေါက်ပေါက်နှင့်သာ ဖုန်းချလိုက်သည်၊ကမ်းခြေက ပြန်လာပြီးထဲက သင်
တန်းတက်တဲ့လူနဲ့ အဖေ့အလုပ်ဝိုင်းကူတဲ့
လူနဲ့ အပြင်ထွက်ရမှာပျင်းတဲ့လူနဲ့ ဒီလူက
တစ်ယောက်တည်း ဘက်ပဲ့နေတာကြာပြီ~
တစ်ယောက်တည်းရှိသည့် ရည်စားမလေး
သစ္စာ ဆိုသည်မှလည်း သူ့အဘွားကျန်းမာ
ရေကြောင့် အမေရိကကို လိုက်သွားပြီးထဲ
က အဆက်အသွယ်ကိုမရတော့ အတော့်
ကိုနေနိုင်သည့် ကလေးမ၊ အချို့ချစ်သူမိန်း
ကလေးတွေ ဒီအချိန်လောက်ဆို လွှမ်းလွန်း
လို့သေနိုင်တယ် တို့ ဘာတို့ အချိုကြွေးနေ
လောက်ပြီ~သစ္စာကတော့ဖြင့် မအား၍လား
လည်ပတ်ကောင်းနေသည်လား မသိတော့
ပါ~စစ် မှာသာ သွားစရာမရှိ သနားစရာ
အလွန်ကောင်းနေလေသည်~တစ်ယောက်တည်းသွားတော့လည်း ရန်ကုန်မြို့အကျယ်ကြီးကို ဘယ်သွားလို့သွားရမလဲမသိ၊
ပျင်းဖို့ကောင်းလိုက်တာမှ အရည်တောင်တစ်
တောက်တောက်ကျနေပြီ၊အိမ်ကပ်ပြီး စာဖတ်
နေရရင်ဖြင့် အရိပ်စစ် တို့ ရာဇဝင်ရိုင်းသွား
လိမ့်မည်~ကျောင်းတက်ဖို့ကလည်း တစ်လလောက်လို
သေးတာမို့ စစ် တစ်ခုခုလုပ်မှဖြစ်တော့မည်~
တစ်နေ့တစ်နေ့ အိမ်မှာ ဂိမ်းထိုင်ဆော့နေရ
တာလည်း ဘယ်လောက်ထိ ပျင်းဖို့ကောင်း
မှန်း စစ် သာ အသိဆုံးဖြစ်သည်~ဒေါက်...ဒေါက်...
"သခင်လေး...အောက်မှာ သခင်လေးသူငယ်
ချင်းရောက်နေတယ်..."စစ် လက်ထဲမှာဆုပ်ကိုင်ထားစဲ ဖုန်းလေးကို
ကြည့်ရင်း မျက်ခုံးများကို အတက်နိုင်ဆုံးကျုံ့
ပြစ်လိုက်သည်၊ခုနမှ မအားပါဘူး လို့အတွင်
တွင် ငြင်းထားတဲ့ကောင်တွေက ချက်ခြင်းကြီး
ရောက်ချလာတယ်တဲ့လား~မဖြစ်နိုင်ပါ~လက်ထဲက ဖုန်းကိုအိပ်ယာပေါ် ပြစ်ချလိုက်ပြီး
တံခါးဖွင့်ကာ ကြီးပျိုကို ကြည့်လိုက်သည်~
YOU ARE READING
Replace(completed)
Romanceကျွန်တော့်စိတ်ကို ဘယ်စကားနဲ့မှ အ ရောင်မခြယ်ချင်ပါနဲ့တော့.... ခင်ဗျားကိုလွမ်းတိုင်း အလဲလဲအပြိုပြို ဖြစ်ခဲ့တဲ့ ကျွန်တော့်ကိုသနားပါ..... Myanmar BL..... own creation.... ကျွန်တော့်စိတ်ကို ဘယ်စကားနဲ့မှ အ ရောင်မခြယ်ချင်ပါနဲ့တော့.... ခင...