4.

9.1K 619 15
                                        

Zawgi....

တဖြူးဖြူးတိုက်ခတ်လို့နေတဲ့ လေကြမ်းကြမ်း
က အေးစက်မှုမရှိပဲ ပူစပ်စပ်ဖြစ်နေပေမဲ့လို့
သူနှစ်သက်မိတာတော့အမှန်ပါပဲ........

ဘန်ဂလိုအရိပ်အောက်မှာ ပက္လက္ကုလား
ထိုင်ထက် အကျအနထိုင်နေသော သူ့ပုံစံက
ဟောလီးဝုဒ်ကားတွေထဲက မင်းသားအပန်း
ဖြေနေပုံနဲ့များ ခပ်ဆင်ဆင်တူနေမလားပဲ..

နေပူထဲမှာမဟုတ်ပေမဲ့ စတိုင်ကျကျဝတ်ဆင်
လို့ထားတဲ့နေကာမျက်မှန် မဲမဲကြီးကြီး ကြီးရယ်၊
ရေကူးဝတ်စုံနဲ့မဟုတ်ပဲ အပေါ်ပိုင်းဗလာကိုမှ
အောက်ကဂျင်းအကျပ်အနက်ရောင်အရှည်ကို
နူးအောက်အထိဆွဲတင်ထားသေး သည်.........

နေပူကျဲတဲထဲမှာတောင်ရွနိုင်သေးသည့်
မျောက်လောင်းသူငယ်ချင်းတစ်သိုက်ကို
ကြည့်ပြီး ခေါင်းခါလိုက်ကာ နဘေးမှာအသင့်
ရှိလို့နေသည့် orange juice ကိုတစ်ငုံ
သောက်လိုက်သည်.........

နေကာမျက်မှန်အောက်က မှေးစင်းလာသည့်
မျက်လုံးများကိုမှိတ်ထားလိုက်ရင်း အာလူး
ကျော်ထုပ်လေးကိုစမ်းရင်းနဲ့၊ အာလူးကျော်
တစ်ဖက်ပါးစပ်ထဲထည့်ကာ တစ်မြုံ့မြုံ့ဝါးနေ
လိုက်သည်.......

ဇိမ်ရှိလိုက်သပ......😎

အဟင်း...အဟင်း....

ဘာသံတုန်းဟ......

အဟင်း...အဟင်း....

မနီးမေဝးက ချောင်းဟန့်သံကြောင့် နေကာ
မျက်မှန်ကြီးချွတ်ကာ သေချာစူးစိုက်ကြည့်
မိတော့မှ သူ့အား ခါတိုင်းလိုပင် မျက်မှောင်
ကြီးကျုံ့ကာ ကြည့်နေသည့် အနှီလူ့ဂွစာကြီး..

"ဘာကိစ္စတုန်း....."

"နေကောင်းလား...."

"ဟမ်......"

အစပ်အဟပ်မရှိသော လောကွတ်စကားနှင့်
အတူ၊ တောင်စဉ်ရေမရသော ထိုလူကြီး၏
အကြည့်များကြောင့် ယခုတစ်ခါမျက်မှောင်
ကြုတ်ရသည်မှာ သူသာဖြစ်သည်.........

"ခင်ဗျား....."

လက်ညှိုးထိုးကာ သူခေါ်တော့ သူ့မျက်လုံးများအား တစ်ချက်ကြည့်ကာ ပင်လယ်ပြင်ထက်
အကြည့်လွှဲသွားပြန်သည်.....

Replace(completed)Where stories live. Discover now