အပိုင်း ၁
"မိန်းမရေ မိန်းမ"
ခပ်သွက်သွက်ခေါ်လိုက်တဲ့ ယောကျာ်းဖြစ်သူအသံကြောင့် အိမ့်ရဲ့ဆည်းလည်းလေး တခုခုတော့အပူရှာနေပြီလို့ တစ်ထစ်ချတွေးလိုက်မိသည်။
"ပြော တော်ရေ ကျွန်မ မီးဖိုချောင်ထဲမှာ "
"ဒီမှာ မင်းသား ဂျီကျနေတယ် လုပ်ဦးကွာ"
အရေးထဲမှ ထမင်းဟင်းချက်ပြုတ်နေရတဲ့ကြားထဲ ဒီသားအဖကြောင့် ငြိမ်ငြိမ်ကိုမနေရဘူး။ အခုလည်း ခဏလောက်လေး သားကိုထိန်းခိုင်းပါတယ် အသံကထွက်လာပြီ။ မွှေလက်စ ဟင်းခတ်ဇွန်းကို စင်ပေါ်တင်လိုက်ကာ ဟင်းအိုးကိုချလိုက်ပြီး ရေနွေးတည်ထားလိုက်သည်။
"ပြော မေမေ့ဂျစ်တူးလေးက ဘာတွေဆိုးပေနေပြန်ပြီလဲ"
အမေဖြစ်သူရောက်လာတော့ သားကလည်သည်။ချက်ချင်းဆိုသလို ဖခင်ဖြစ်သူဆီကပြေးဆင်းကာ အမေနားမှာပဲကပ်ကာ တအီအီလုပ်နေသောအလည်တုံးလေး။
"ထုံးစံအတိုင်း ညီလေးလိုချင်တယ်တဲ့"
"အို သားကလည်း ညီလေးရလာရင် သားကိုအချစ်တွေလျော့သွားမှာလေ သားရဲ့"
"ဟင့်အင်း သားသား ညီလေး လိုချင်တယ်"
သားက ဇွတ်တရွတ်ပင် တအီအီနဲ့ညီလေးလိုချင်တာကိုပဲ နေ့စဉ်နေ့တိုင်းပူဆာနေသည်။ သားအတွက်စိတ်ပြေရာပြေကြောင်း အရုပ်ကလေးတွေစုံစိနေအောင် အသစ်မကျန်စေရ ဝယ်ပေးထားလည်း သားကသူများကလေးတွေနဲ့မတူဘဲ ညီလေးလိုချင်တယ်ပဲ ပူဆာတတ်သည်။
တကယ်ဆို သူမတို့လင်မယားလည်း သားအတွက်အပျင်းပြေအောင် ကလေးတစ်ယောက်လောက်ထပ်ယူချင်ပေမဲ့ ကျန်းမာအခြေအနေကြောင့် သားကြောဖြတ်ထားတဲ့သူမက ဘယ်လိုစွမ်းဆောင်နိုင်မှာလဲ။
"သားကလည်း မဆိုးရဘူးလေ။ သား ဘာလိုချင်တာလဲပြော မေမေတို့အကုန်ဝယ်ပေးမယ်"
ŞİMDİ OKUDUĞUN
❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞
Hayran Kurguကြိုးတွေကို သဘောမကျဘူး အလားတူစွာပဲ ခင်ဗျားကိုလည်းကျွန်တော်သဘောမကျဘူး ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ကိုတစ်နည်းမဟုတ်တစ်နည်းရစ်ပတ်နေတဲ့ ကြိုးတစ်စမို့ 30/4/2018 I write this "Kyoe Ka Lay" Fiction to appreciate PARK JIMIN,in other words, JIMIN'...