အပိုင်း ၁၄
မနက်ခင်းထနေကျ အချိန်ရောက်ပြီဆိုတာနဲ့ ဖျတ်ခနဲပွင့်လာတတ်တဲ့ မျက်လုံးတွေက ကျင့်သားရစွာ ပွင့်ဟလာသည်။ အိစက်စက်မွေ့ရာပြင်က သူ့အတွက်တော့ မတူညီတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေသည်။
မျက်လုံးတွေကိုခဏမှိတ်ထားလိုက်ပြီး နားကိုစွင့်ထားလိုက်တော့ နောက်ကျောဘက်ဆီက အသက်ရှူသံတစ်ခုကြောင့် နှုတ်ခမ်းတွေကပြုံးမိသွားသည်။ တကယ်ကို အိမ်မက်မဟုတ်ဘူးပဲ။
ခုတင်ပေါ်က အသာထလိုက်ပြီး ပြတင်းပေါက်က လိုက်ကာစတွေကို ဖြေးဖြေးသာသာဖွင့်လိုက်သည်။ အရုဏ်ဦးရဲ့နေမင်းကြီးကတော့ အခုမှထွက်ပေါ်ကာစရှိတုန်း။
ယခုချိန်ထိအိပ်ပျော်နေဆဲ လူသားကတော့ အိမ်မက်ကမ္ဘာထဲမှာ ရှိချင်ရှိနေမှာပေါ့။ မျက်နှာသစ်သွားတိုက်စသဖြင့် တနေ့တာနိစ္စဝူဓတွေကို လုပ်ပြီးသွားတဲ့အချိန်မှာတော့ ထိုလူသားလည်း နိုးထလာခဲ့လေပြီ။
"နိုးပြီလား Jungkook"
"အင်း"
ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်တဲ့ စကားကိုပင်နားဝင်ချိုလို့မဆုံး။ ကလေးလေးလိုပဲ အခုချိန်တွေ့မြင်နေရတဲ့ Jungkookပုံစံလေးက အရမ်းကို နှစ်သက်ဖွယ်ကောင်းလှသည်။
"မနက်စာ ပြင်ထားပေးမယ်"
ရေချိုးခန်းထဲဝင်သွားတဲ့လူရဲ့ကျောပြင်ကို ကိုယ်တစ်ပတ်လည်အောင် လိုက်ငေးနေမိကာ ပြုံးမိပြန်သည်။ ဘေစင်ပေါ်မှာ သွားတိုက်ဆေးထည့်ပေးပြီး အသင့်တင်ပေးထားခဲ့တဲ့ သွားတိုက်တံလေးကို မြင်ရင် Jungkookပြုံးနေမှာလား။
အင်္ကျီ? Jungkookဝတ်ဖို့ အင်္ကျီထုတ်ပေးရမလား ကြိုက်မှကြိုက်ပါ့မလား ဝတ်ကောဝတ်ပါ့မလား မဝတ်ရင်ဘယ်လိုလုပ်မလဲ စသဖြင့်အမျိုးစုံကြိုးခုန်နေတဲ့ အတွေးတွေကြားထဲမှာ ထိုင်ရမလို ထရမလို။
နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဗီဒိုကိုဖွင့်ကာ ချစ်ရသူနဲ့လိုက်ဖက်မဲ့ဝတ်စုံကို ရွေးချယ်လိုက်ပြီး ကုတင်ပေါ်မှာ အဆင်သင့်တင်ထားပေးခဲ့လိုက်သည်။ ဘုရားသိကြားမ,လို့ ထုတ်ပေးထားတာလေးတွေ ဝတ်သွားပါစေ။
YOU ARE READING
❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞
Fanfictionကြိုးတွေကို သဘောမကျဘူး အလားတူစွာပဲ ခင်ဗျားကိုလည်းကျွန်တော်သဘောမကျဘူး ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ကိုတစ်နည်းမဟုတ်တစ်နည်းရစ်ပတ်နေတဲ့ ကြိုးတစ်စမို့ 30/4/2018 I write this "Kyoe Ka Lay" Fiction to appreciate PARK JIMIN,in other words, JIMIN'...