အပိုင်း ၆
ဖြစ်နိုင်ရင်ပြောင်းပစ်ချင်တယ်။ Jeon Jungkookဆိုတဲ့ လူသားတစ်ယောက်အပေါ်မှာ သံယောဇဉ်မထားလေသော တခြားလူသားတစ်ယောက်အဖြစ် ပြောင်းလဲချင်မိတယ်။
လှုပ်ခတ်သွားတဲ့ လိုက်ကာစတွေရဲ့နောက်က အရောင်မဲ့နေတဲ့မျက်ဝန်းတစ်စုံကို သူ,မမြင်ခဲ့တာလား မမြင်ချင်ယောင်ဆောင်နေခဲ့တာလား။
ရင်နင့်အောင်ချစ်ခဲ့မိတဲ့အတွက် ရလိုက်တဲ့ဆုလာဘ်က 'ခင်ဗျား ကျွန်တော်နဲ့ဘယ်တော့မှလာမပတ်သတ်နဲ့' ဆိုတာမျိုး။
နောက်ပြီး ချည်နှောင်ချင်မိတဲ့ ကျွန်တော်ရဲ့စွန်ကလေးက ကြိုးကြောက်တတ်တယ်တဲ့လေ။
"Jungkookက တန်းခွဲAက ဂိုမီဆောဆိုတဲ့ကောင်မလေးကိုလိုက်နေတာတဲ့"
မကြားချင်ဘူး။ မပြောနဲ့။ ပြောနေကြတဲ့သူတိုင်းရဲ့ပါးစပ်တွေကို စိတ်ထဲမှာ တိပ်နဲ့လိုက်ကပ်ပစ်နေမိတာ အကြိမ်ပေါင်းမနည်း။
ငါကမှ Jungkookရဲ့ကြိုးကလေး။ သူ့ကိုရစ်ပတ်မဲ့သူက ငါတစ်ယောက်ပဲရှိတယ်။ လက်မခံလည်း တလောကလုံးကိုဟားတိုက်ပြီး လှောင်ရယ်လိုက်မယ်။ အမှန်တရားက သိပ်ခါးတတ်လို့။
ဘယ်သူမှမမြင်နိုင်မသိနိုင်တဲ့ နေရာတစ်ခုမှာ ငါကမင်းရဲ့ဖော်မပြနိုင်တဲ့ ကြိုးကလေးအဖြစ်ထာဝရရှိသွားမှာ။ ဒါပေမဲ့ မင်းကတော့သိရမယ်Jungkook။
နင်းစမ်း မင်းစိတ်ကျေနပ်လောက်တဲ့အထိ ဒီကကောင်ရဲ့ရင်ဘတ်ကို ကြမ်းပြင်လိုတက်နင်းသွားလိုက်။ ခိုင်ခံ့မှုအပြည့်နဲ့ မင်းကိုအပြုံးမပျက်ငါကြည့်နေမှာ။
အင်း နောက်ပြီး ငါမပြိုလဲခင်အထိတော့ မင်းကလုံခြုံနေမှာပါ။
"Jimin"
"အင်း ဘာလဲ"
"ဟိုမှာ Jungkookလိုက်နေတဲ့ကောင်မလေးနဲ့Yoongiမလား"
YOU ARE READING
❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞
Fanfictionကြိုးတွေကို သဘောမကျဘူး အလားတူစွာပဲ ခင်ဗျားကိုလည်းကျွန်တော်သဘောမကျဘူး ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ကိုတစ်နည်းမဟုတ်တစ်နည်းရစ်ပတ်နေတဲ့ ကြိုးတစ်စမို့ 30/4/2018 I write this "Kyoe Ka Lay" Fiction to appreciate PARK JIMIN,in other words, JIMIN'...