အပိုင်း ၂
"ယောကျာ်းရေ သားကိုကြည့်ထားပေးဦး။ ကျွန်မဈေးသွားဦးမယ်"
"အော် အင်းအင်း ကိုယ်လာပြီ"
အပေါ်ထပ်မှာစာဖတ်နေတဲ့ သားအဖေကိုမှာလိုက်ပြီးသည်နှင့် ဈေးခြင်းတောင်းလေးဆွဲကာ ဧည့်ခန်းမှာ ပွစိတက်နေအောင်အရုပ်တွေချပြီး ထိုင်ဆော့နေတဲ့သားဆီကို ဦးတည်လိုက်သည်။ သားအတွက်မွေးထားတဲ့ခွေးကလေးကလည်း အမြီးလေးယမ်းကာ နှာခေါင်းလေးတရှုံ့ရှုံ့နဲ့ သားဘေးမှာ ငုတ်တုတ်လေးထိုင်လို့နေသည်။
"မေ့သားလေး ဒီကိုလာပါဦး"
သားက ဘာမှပြန်မပြောဘဲ ဆော့လက်စအရုပ်လေးကိုချလိုက်ကာ ကုန်းရုန်းထပြီး သူမလက်တွေဆီကိုပစ်ဝင်လာသည်။
"မေ့သားလေးက ချစ်ဖို့ကောင်းလိုက်တာ"
ရင်ခွင်ထဲမှာငြိမ်ငြိမ်မနေဘဲ လူးလွန့်နေတဲ့သားကိုယ်လေးကိုဖိညှပ်လိုက်ပြီး သားရဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို အားပါးတရမွှေးကြူလိုက်သည်။
သားကအခုဆို ညီလေးလိုချင်တယ်ဆိုပြီး ပူဆာတာမျိုးမရှိတော့ဘူးလေ။ ဒါလည်း တမျိုးကောင်းတာပေါ့။ ဘေးခြံက ညီမလေးကြောင့်လို့လည်း ပြောလို့ရသည်လေ။ သူမ,ကူညီလို့သာ သားကငြိမ်ကျသွားတာမဟုတ်ပေလား။
"မေမေဈေးသွားမလို့။ သားလေး ဘာစားချင်လဲပြော"
"ဈေးသွားမှာလား"
"အင်းပေါ့ သားစားဖို့အတွက် သားအားရှိဖို့အများကြီးချက်ပေးမလို့လေ"
"အားရှိဖို့?"
နှုတ်ခမ်းထော်ထော်လေးကို တွန့်ကာတွန့်ကာပြောနေတဲ့သားကိုကြည့်ပြီး မိခင်ဖြစ်တဲ့သူမ မည်သို့မျှချစ်လို့မဝနိုင်။ သားနှုတ်ခမ်းလေးတွေက သားအဖေနဲ့သွားတူကာ ကြီးကြီးထူထူရှိပေမဲ့ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကတော့ သူမနှင့်တူသည်ဟုသားကိုမြင်သမျှလူတိုင်းက ပြောကြသည်။
KAMU SEDANG MEMBACA
❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞
Fiksi Penggemarကြိုးတွေကို သဘောမကျဘူး အလားတူစွာပဲ ခင်ဗျားကိုလည်းကျွန်တော်သဘောမကျဘူး ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ကိုတစ်နည်းမဟုတ်တစ်နည်းရစ်ပတ်နေတဲ့ ကြိုးတစ်စမို့ 30/4/2018 I write this "Kyoe Ka Lay" Fiction to appreciate PARK JIMIN,in other words, JIMIN'...