ကြိုးက​လေး ၂၂

27.1K 2.1K 174
                                    

အပိုင်း ၂၂

"ကျွန်​တော်​ Yoongiဟျောင်းကို သ​ဘောကျတယ်​"

"လာမ​နောက်​နဲ့ကွာ။ မရယ်​ရဘူး သွားစမ်း!"

​နံရံကိုမှီထိုင်​ကာ​ ဆေးလိပ်​ခဲ​နေတဲ့ သူ့​ဘေးနားကို ရုတ်​ချည်း​ရောက်​လာပြီး​ ပြောလာတာ​ကြောင့်​Yoongiလန့်​ပါသွားရသည်​။

"ဟျောင်း ကျွန်​တော်​နောက်​နေတာမဟုတ်​ဘူး။ ကျွန်​တော်​ ဟျောင်းကို တကယ်​သ​ဘောကျ.."

"​တော်​လိုက်​တော့ Jungkook။ ကျစ်​ ငါမင်းနဲ့ပြဿနာမဖြစ်​ချင်​ဘူး"

​နား​မ​ထောင်​ချင်​တာကို အတင်း​ပြောလာတဲ့ Jungkookစကား​တွေကို ထပ်​မကြားချင်​တာ​ကြောင့်​ သူပဲ​နေရာကရပ်​လိုက်​သည်​။

"တကယ်​သ​ဘောကျတာပါ။ ဟျောင်းဘက်ကရော ကျွန်​တော့်​ကို ဘယ်​လိုသ​ဘောထားလဲ?"

ခွပ်​

"ဟျောင်း!"

"ငါမင်းကို သတိမ​ပေးခဲ့ဘူးလား Jungkook။ အ​ရေးမပါတာ​တွေ လာ​ပြောမ​နေနဲ့​။ နောက်​ဆုံးအကြိမ်​ ထပ်​သတိ​ပေးမယ်​။ တော်​လိုက်​တော့"

"ဒါ​ပေမဲ့ ဟျောင်း.."

"​တော်​လိုက်​တော့။ ဒုတိယPark Jiminမဖြစ်​ချင်​ရင်​ပေါ့"

ဒီ​နေ့ပြဿဒါးပဲ။ Jungkookက တကယ်​ပဲ သူ့အ​ပေါ်မှာ ခံစားချက်​ရှိ​နေခဲ့တာလား။ ဆန့်​ကျင်ဘက်​တစ်​ခုက သူ့ဘက်​က​တော့Jungkookအ​ပေါ်ကို ဘယ်​လိုမှ ခံ​စား​ပေးလို့မရတာပဲ။

"မင်း ငါ့ကို အ​ရေးမပါတာ​တွေ အထပ်​ထပ်​ပြော​နေမဲ့အစား Park Jiminကိုပဲ ဂရုစိုက်​လိုက်​စမ်းပါ"

"Park Jiminကိုသာ ပြန်​ကြိုက်​လိုက်​!"

"မင်းဒီလို​တွေလိုက်​လုပ်​နေလို့ ငါ​ပျော်​တယ်​ထင်​နေလား။ ငါက Park Jiminမဟုတ်​ဘူး"

ပြန်​တွေးကြည့်​မယ်​ဆိုရင်​ သိပ်​ကိုက​လေးဆန်​ခဲ့တဲ့ တန်​ပြန်​ငြင်းဆိုမှု​တွေပါပဲ။ မူးယစ်ဆေးအထိ စွဲ​သွား​လောက်​အောင်​ ဆေးလိပ်​တွေစပြီးလိုက်​သောက်​ခဲ့တဲ့​ကောင်​က​လေး။

"ဟျောင်း ကျွန်​တော့်​ကို​ဆေး​ပေးဦး"

"Jungkook မင်း​ သေ​နေမယ်​"

❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞Where stories live. Discover now