ကြိုးက​လေး ၁၃

18.9K 1.9K 206
                                    

အပိုင်း ၁၃

အိမ်​အပြင်​ဘက်​မှာ မိုးကတစ်​ပြောက်​နှစ်​ပြောက်​သာသာကျ​နေ​သော်​လည်း အ​အေးဓာတ်​က​တော့ သိသိသာသာပင်​တိုး​လို့​နေသည်​။

ဧည့်​ခန်းကဆိုဖာ​ပေါ်မှာ တစ်​စုံတစ်​ယောက်​ကို ထိုင်​စောင့်​နေလိုက်​ပြီး မှန်​ပြင်​ကြီးက​နေတစ်​ဆင့်​ မိုးစက်​လေး​တွေကို သိပ်​မမြင်​ရ​သော်​လည်း ထိုင်ကြည့်​နေလိုက်​သည်​။

ထိုင်​နေတဲ့လူသား​ရှေ့မှာ ရှိ​နေတာက​အဖြူ​ရောင်​ခပ်​ပြားပြားအရာ​လေးများ။  ထိုအရာ​လေးများသည်​ သူတို့နှစ်​ဦး၏ မင်္ဂလာဖိတ်​စာ​လေးများသာ ဖြစ်​တော့သည်​။

ဖိတ်​စာ​လေး​တွေထဲက တစ်​ခုကိုဆွဲယူလိုက်​ပြီး ချည်​ထားတဲ့ဖဲကြိုး​လေးကို ဖြည်​လိုက်​တော့​ပေါ်လာတဲ့နာမည်​နှစ်​ခုကို ထွင်းထားတဲ့​ဖောင်းကြွစာလုံး​လေး​တွေအား လက်​နဲ့အသာအယာတို့ထိ​နေမိလိုက်​သည်​။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဖိတ်​စာ​လေး​တွေထဲက တစ်​ခုကိုဆွဲယူလိုက်​ပြီး ချည်​ထားတဲ့ဖဲကြိုး​လေးကို ဖြည်​လိုက်​တော့​ပေါ်လာတဲ့နာမည်​နှစ်​ခုကို ထွင်းထားတဲ့​ဖောင်းကြွစာလုံး​လေး​တွေအား လက်​နဲ့အသာအယာတို့ထိ​နေမိလိုက်​သည်​။

ထို့​နောက်​ နှုတ်ခမ်း​လေး​တွေ တွန့်​ကွေးသွားကာ ဖိတ်​စာ​လေးကို ရင်​ဘတ်​မှာ ကပ်​ထားလိုက်​သည်​။နှုတ်​မှလည်း စကားတစ်​ခွန်းက ဖွဖွလေးထွက်​ကျလာခဲ့သည်​။

"ချစ်​တယ်​Jungkook"

ဖိတ်​စာ​လေးကို​ရင်​မှာကပ်​ကာ ပြင်​ပ​လောကကြီးကို ထပ်​ပြီး​ငေး​မော​နေမိပြန်​သည်​။ ရင်​ထဲမှာလည်း​လေးလံကာ​ မောပန်းလာသလို ခံစားချက်​ကြီးက ရင်​နဲ့မဆံ့ချင်​။​

Jungkookရယ်​ သူရယ်​ တကယ်​ပဲလား။

"သွားမယ်​"

❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞Where stories live. Discover now