ချစ်လှစွာသော ကြိုးကလေး

27.9K 2K 127
                                    

ဘတ်​စ်​ကား​ပေါ်မှ​ခြေချလိုက်​သည်​နှင့်​ မရင်းနှီး​သော လတ်​လတ်​ဆတ်​ဆတ်​လေထုက နှာ​ခေါင်းထဲ အလုအယက်​တိုးဝင်​လာကြသည်​။

ပတ်​ဝန်းကျင်​ကို ခဏတာစူးစမ်းမိ​တော့ တစ်​အိမ်​နဲ့တစ်​အိမ်​အလှမ်းကွာသည်​ကို​ တွေ့ရသည်​။ ထို့အပြင်​ စိမ်းစိမ်းစိုစိုလယ်​ခင်းတစ်​ချို့ကိုလည်း​ တွေ့ရသည်​။

ဟျောင်း အခု ကျွန်​တော့်​အချစ်​တွေကို ဝန်​ခံဖို့ ဟျောင်းဆီကိုလာ​နေပြီ​။

"တဆိတ်​လောက်​ပါ ဒီနားတဝိုက်​မှာ Jeon Jimin.... မဟုတ်​ဘူး Park Jiminဆိုတဲ့လူ​နေတဲ့အိမ်​ကို သိချင်​လို့ပါ"

"Park Jimin?"

ဆန်​ဆေး​နေတဲ့ အဘွားကြီးမျက်​ခုံး​တွေက စဉ်းစားဟန်​ဖြင့်​ကျုံ့သွားသည်​။ ထိုအဘွားကြီးဆီက ထွက်​ကျလာမဲ့အ​ဖြေကိုလည်း​ မျှော်​လင့်​တကြီး​စောင့်​ဆိုင်း​နေမိသည်​။

"ဟင့်​အင်း အဲ့လိုနာမည်​တခါမှမကြာဖူးဘူး"

"ဗျာ ထပ်​စဉ်းစား​ပေးလို့မရဘူးလား အဘွား"

ထိုသို့​ပြောလိုက်​တော့ အဘွားကြီးက ဆန်​ဆေး​နေရာကထကာ သူ့အနီးအနားကို​ရောက်​လာသည်​။ထို့​နောက်​ ခေါင်းအစ​ခြေအဆုံး သူ့ကိုအကဲခတ်​လေ​တော့သည်​။​

"​မောင်​ရင်​က ဘာကိစ္စနဲ့လိုက်​ရှာ​နေတာလဲ?"

"ဟို​ ပြောရရင်​အ​ရေးကြီး​နေလို့ပါ"

"ဒါဆိုလည်း သူ့ပုံစံကို​ပြောပြ။ အဘွားကမှတ်​ဥာဏ်​မ​ကောင်းဘူးရယ်​။ သိရင်​တော့​ဖြေ​ပေးမယ်​"

ထိုအဘွား​ပြောလိုက်​တဲ့စကား​ကြောင့်​ Jungkookတစ်​ယောက်​ အားတက်​သွားမိသည်​။ သိတာမသိတာအသာထား။ ကူညီတာကို ဝမ်းသာလှသည်​။

"သူက​ယောကျာ်း​လေး​ နောက်​ပြီး အရပ်​မနိမ့်​မမြင့်​နဲ့  အသားဖြူဖြူ ဆံပင်​အနက်​ရောင်​လေးနဲ့"

အမူအယာ​တွေပါပြကာ​ ပြောပြ​နေတဲ့သူ့ကို အဘွားက​သေချာကြည့်​ကာ စဉ်းစား​နေသည်​။

"ပုံ​ဖော်​မရဘူး​ရော်​"

"​ဗျာ တကယ်​ပဲလား"

❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞Where stories live. Discover now