အပိုင်း ၇
"သားလေး သတိရပြီလား"
စိတ်ထိခိုက်ထားသလို ဖြစ်နေတာကြောင့် ဘာကိုမှမပြောချင်တော့ဘဲ မျက်တောင်တစ်ချက်ပဲ ခပ်ကြာကြာလေးမှိတ်ကာ ခတ်ပြလိုက်သည်။
"Jungkookရော ဟင်"
"Jungkookလား။ သူအဆင်ပြေတယ် သား။ သားလေးသာအနားယူပါ "
"သူတကယ် အဆင်ပြေလောက်မှာပါနော်"
"ဒါပေါ့ သားရယ်"
သားရဲ့နဖူးပြင်ပေါ်ဝဲကျနေတဲ့ ဆံနွယ်လေးတွေကို အသာအယာ သပ်တင်ပေးလိုက်ပြီး အပြုံးလေးနဲ့အားပေးလိုက်သည်။
"အစ်မ"
ခပ်လျလျခေါ်သံကြောင့် နောက်ကိုလှည့်ကြည့်လိုက်သော မျက်နှာသိပ်ကောင်းပုံမပေါ်တဲ့ Jungkookရဲ့မိခင်ဖြစ်သူကို တွေ့လိုက်ရသည်။
"အစ်မ ဟို ညီမ Jiminလေးနဲ့ ခဏလောက်စကားပြောလို့ရမလား"
သားကိုလှမ်းကြည့်လိုက်တော့ ခေါင်းငြိမ့်ပြတာကြောင့်သူမလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး
"အင်း...ပြောပါ။ အစ်မအပြင်ထွက်ပေးမယ်"
ဟုပြောကာ သားအခန်းထဲကနေ လေးလံသောခြေလှမ်းတွေနဲ့ ထွက်ခဲ့ပြီး တံခါးကို အသာလေးစေ့ထားလိုက်သည်။
"သား Jimin"
"ပြောပါ တီတီ"
"တီတီ... တီတီတောင်းပန်ပါတယ် သားရယ်။ တကယ်စိတ်ရင်းနဲ့ကို တောင်းပန်ပါတယ်"
"ဘာအတွက်လဲ တီတီ"
"အရာအားလုံးအတွက်ပါ။ သားငယ်နဲ့ပတ်သတ်ပြီးဖြစ်ခဲ့သမျှ အရာအားလုံးအတွက်ပါ။ ပြောမပြတတ်အောင် တောင်းပန်ပါတယ်"
ကုတင်ပေါ်မှာလှဲနေတဲ့ သူ့လက်တစ်ဖက်ကို အားကိုးတကြီးနဲ့ဆုပ်ကိုင်ကာ မျက်ရည်တွေတွေကျလျက် တောင်းပန်နေရှာတဲ့တီတီ့ကို ပြုံးပြလိုက်ပြီး ကျန်လက်တစ်ဖက်နဲ့ ပြန်လည်ဆုပ်ကိုင်ပေးလိုက်သည်။

YOU ARE READING
❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞
Fanfictionကြိုးတွေကို သဘောမကျဘူး အလားတူစွာပဲ ခင်ဗျားကိုလည်းကျွန်တော်သဘောမကျဘူး ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ကိုတစ်နည်းမဟုတ်တစ်နည်းရစ်ပတ်နေတဲ့ ကြိုးတစ်စမို့ 30/4/2018 I write this "Kyoe Ka Lay" Fiction to appreciate PARK JIMIN,in other words, JIMIN'...