အပိုင်း ၉
ချွင် ချွင် ချွင်~
ဆိုင်တံခါးဝမှာချိတ်ထားတဲ့ ခေါင်းလောင်းလေးကမြည်သွားတာကြောင့် ဝယ်သူလာပြီမှန်းတန်းသိလိုက်ကာ ပန်းအိုးထဲကိုဒေစီပန်းဖြူဖြူလေးတွေထိုးနေရာကနေ လှည့်ကြည့်လိုက်ပြီး ချက်ချင်းနှုတ်ဆက်လိုက်သည်။
"ကြိုဆိုပါတယ်။ ဘာများအလိုရှိ.."
ဆိုင်ထဲဝင်လာတဲ့ ကောင်လေးတစ်ယောက်ကြောင့် နှုတ်ဆက်လက်စစကားတွေကို အလိုလိုရပ်လိုက်ကာ ပြုံးပြလိုက်သည်။
"ကျွန်တော်ပါ အစ်ကို"
အနည်းငယ်မြူးထူးနေသံပေါက်တဲ့ ကောင်လေးရဲ့အသံကြောင့် အဆင်ပြေလောက်မယ်ဆိုတာကို သူခန့်မှန်းမိလိုက်သည်။
"အော ဘယ်လိုလဲ။ ကြည့်ရတာတော့ အခြေအနေကောင်းပုံပဲ"
မေးငေါ့ကာမေးလိုက်သည်။ထိုကောင်လေးမှာတခြားတော့မဟုတ် သိပ်မကြာခင်ကမှ သူ့ဆိုင်ကနေ Tulipဖြူဖြူတွေ ဝယ်သွားတဲ့ကောင်လေး။သို့နှင့် နောက်ပိုင်းတွင် နေ့တိုင်းလိုလို သူ့ရဲ့ပန်းဆိုင်လေးဆီလာပြီး ကောင်မလေးကို ချစ်ခွင့်ပန်ရန်အတွက် ပန်းလေးတွေဝယ်ဖြစ်နေတဲ့ကောင်လေး။
"ဟီး ဟုတ်တယ်အစ်ကို။ ကျွန်တော်တို့ ဒီနေ့ပဲချစ်သူတွေဖြစ်သွားကြပြီ"
ပန်းအိုးထဲကဒေစီတွေကိုသာ အာရုံစိုက်ပြီးထိုးနေရင်းက ပြုံးလိုက်မိသည်။ ထို့နောက် ပန်းအိုးလေးကို လက်နှစ်ဖက်နဲ့သေချာမ,ကာ ကောင်တာပေါ်မှာ သေသေသပ်သပ်လေးတင်လိုက်သည်။
ESTÁS LEYENDO
❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞
Fanficကြိုးတွေကို သဘောမကျဘူး အလားတူစွာပဲ ခင်ဗျားကိုလည်းကျွန်တော်သဘောမကျဘူး ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ကိုတစ်နည်းမဟုတ်တစ်နည်းရစ်ပတ်နေတဲ့ ကြိုးတစ်စမို့ 30/4/2018 I write this "Kyoe Ka Lay" Fiction to appreciate PARK JIMIN,in other words, JIMIN'...