ကြိုးက​လေး ၂၁

21.2K 1.9K 83
                                    

အပိုင်း ၂၁

"ဟဲလို Jimin"

"သားအိပ်​နေတယ်​Jungkook"

ထပ်​ပြီးလား။ မိဘအိမ်​ခဏသွား​နေ​ကြောင်း​ပြောပြီးတဲ့ ဒီတစ်ပတ်အတွင်း​ အမြဲလိုလိုဖုန်း​ခေါ်လိုက်​တိုင်း စ​ကား​ပြောချင်​တဲ့သူကမကိုင်​ဘဲ မိခင်​ဖြစ်​သူပဲ​ ရောက်​ရောက်​လာတတ်​သည်​။ မသိမသာ စုပ်​သပ်​လိုက်​ရင်းက-

"သူ​ နေ​ကောင်းရဲ့လား"  ဟု​မေးလိုက်​သည်​။

"​ကောင်းပါတယ်​။ အန်​တီက သားကိုဂရုစိုက်​ပြီးသားပါ"

အတိအလင်းစစ်​မ​ကြေညာထား​ပေမဲ့ အလိုလိုနားလည်​နိုင်​တဲ့​ မေတ္တာတိုက်​ပွဲတစ်​ခု။ ဘယ်​သူနိုင်​ပြီး ဘယ်​သူရှုံးမလဲဆိုတာ​သိကြပါ့မလား။

"​ဒါဆို​ သူ့ကိုယ်​စား သူ့ရဲ့တရားဝင်​အမျိုးသားဖြစ်​တဲ့ ကျွန်​တော်​က​ ကျေးဇူးတင်​ပါရ​စေ"

"အန်​တီ့သမက်​က ဘယ်​ဆိုးလို့လဲ။ ထင်​ထားသလို လူမှု​ရေး​ခေါင်းပါးတာမဟုတ်​ဘူးပဲ"

ပြုံးလိုက်​မိသည်​။ ဒီလိုမိခင်​မျိုး သားသမီးအတွက်​ဆို ခြ​င်္သေ့တစ်​ကောင်​လို မကာကွယ်​ပေးနိုင်​ရင်​တောင်​မှ  ငန်း​မြွေတစ်​ကောင်​လို​ ရေဆုံး​မြေဆုံးထိ သားသမီးအတွက်​ရှိ​နေ​ပေးမှာမျိုး။

"ဒါဆို​ ကောင်း​ကောင်း​စောင့်​ရှောက်​ပေးပါဦး။  အကူအညီ​တောင်းပါတယ်​"

ဆက်​သွယ်​မှုပြတ်​တောက်​သွားတဲ့​နောက်​ အမျိုးအမည်​မတပ်​နိုင်​တဲ့​လေးလံမှုက​ ခေါင်း​ပေါ်မှာပိ​နေသလို ခံစားရပြန်​သည်​။ ဒါ ဒီ​နေ့မှမဟုတ်​ဘူး။ Park Jiminကိုချန်​ပြီး ခရီးထွက်​တဲ့တစ်​လျှောက်​လုံးဆိုရမလား။

တခါတ​လေ အစွဲမရှိတဲ့သူရဲ့ အိမ်​မက်​ထဲမှာ ညတိုင်းနီးပါး​ပေါ်လာတတ်​သည်​။ "ငါ့ကိုစိတ်​မဆိုးပါနဲ့"ဆိုတဲ့စကားကိုသာ အိမ်​မက်​တွေတိုင်းမှာ အထပ်​ထပ်​ဆို​နေတတ်​သည်​။

"စိတ်​မချဘူး Park Jimin။ ခင်ဗျားကို တ​ကယ်​စိတ်​မချတာ"

တစ်​ကိုယ်​တည်း​ရေရွတ်​လိုက်​မိပြီး ထိုင်​ခုံမှာ​ကျောမှီကာ မျက်​လုံး​တွေမှိတ်​ထားလိုက်​သည်​။ အခန်းထဲမှာ သူ့အသက်​ရှူသံပြင်းပြင်းက နာရီသံတချပ်​ချပ်​နှင့်​အပြိုင်​ စည်းချက်​ညီစွာ ထွက်​ပေါ်​နေသည်​။ သိပ်​တော့မကြာလိုက်​ တဒီးဒီးတုန်​ခါလာတဲ့ ဖုန်းမြည်​သံ​ကြောင့်​ ပိတ်​ထားတဲ့မျက်​လုံး​တွေကို ပြန်​ဖွင့်​လိုက်​သည်​။

❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞Where stories live. Discover now