အပိုင်း ၄
မနက်ခင်းရဲ့ လင်းရောင်ခြည်အောက်မှာရှိနေတဲ့ လမ်းသွယ်သွယ်လေးပေါ်မှာ စက်ဘီးလေးနှစ်စင်းရွေ့လျားလျက်ရှိသည်။
စီးနင်းခြင်းမရှိတဲ့ ဘီးလေးကိုတွန်းကာ ခပ်မှန်မှန်လျှောက်နေတဲ့ခြေသံနောက်တွင် အလားတူခြေသံလေးကလည်းကပ်ပါလျက်။
ကျွန်တော်ငေးမောနေမိတယ်။
ကျွန်တော်ဆိုတာလေ ထိုကောင်လေးရဲ့မျက်နှာလေးကိုမမြင်ရပေပဲ့ အရိပ်အငွေ့လေးမြင်ရရင်ကို စိတ်ချမ်းသာနေတဲ့ကောင်တစ်ကောင်။အရှေ့မှာတရွေ့ရွေ့သွားနေတဲ့ ဘီးကလေးနဲ့ကောင်လေးက ကျွန်တော်သူ့နောက်မှာပါလာတာကို သတိထားမိသွားပြီထင်ပါရဲ့။ စက်ဘီးကလေးပေါ်တက်ကာ ခြေနင်းကွင်းပေါ်က အရှိန်တွေကိုမြှင့်လိုက်ပြီး လေအလျင်လိုပြေးထွက်သွားလေပြီ။
နင့်ခနဲဖြစ်သွားတဲ့ ခံစားချက်နဲ့အတူ သူနဲ့ဝေးရာကိုပြေးထွက်သွားတဲ့ကောင်လေးရဲ့ကျောပြင်ကို မျှော်လင့်ချက်ရေးရေးသာရှိသော မျက်ဝန်းအစုံနဲ့ငေးမောနေမိပြန်သည်။
ကျွန်တော်တို့တွေ ဘာတွေများ ဆုတောင်းမှားခဲ့လို့ပါလဲ။
"ဝင်ခွင့်ပြုပါ ဆရာ"
ဆရာ့ကိုခွင့်တောင်းပြီး မိမိရဲ့ခုံလေးမှာဝင်ထိုင်လိုက်တော့ သူ့အားခပ်စူးစူးကြည့်နေတဲ့လူတစ်ယောက်ရဲ့မျက်ဝန်းတွေကြောင့် မျက်ရည်ကအလိုလိုဝဲတက်လာရသည်။
"ကဲ သင်ခန်းစာစရအောင်။ စာမျက်နှာ၃၂ကိုလှန်မယ်"
သင်ခန်းစာသင်ယူမှုအပေါ် အတတ်နိုင်ဆုံးအာရုံစိုက်နေပေမဲ့ စိတ်အာရုံကပျံ့လွင့်ကာနေတာကြောင့် အတတ်နိုင်ဆုံးကြိုးစားပြီး အာရုံစုစည်းယူနေရလေသည်။
"ဖောက်!"
ခေါင်းကိုလာမှန်တဲ့စက္ကူလုံးကြောင့် လူကကျောလေးမတ်သွားကာ ခုံပေါ်ကျလာတဲ့စာလုံးလေးကို ဆရာမမြင်ခင် အလျင်အမြန်ကောက်သိမ်းလိုက်သည်။

YOU ARE READING
❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞
Fanfictionကြိုးတွေကို သဘောမကျဘူး အလားတူစွာပဲ ခင်ဗျားကိုလည်းကျွန်တော်သဘောမကျဘူး ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ကိုတစ်နည်းမဟုတ်တစ်နည်းရစ်ပတ်နေတဲ့ ကြိုးတစ်စမို့ 30/4/2018 I write this "Kyoe Ka Lay" Fiction to appreciate PARK JIMIN,in other words, JIMIN'...