အပိုင်း ၁၂
ညကရွာထားတဲ့မိုးအရှိန်ကြောင့်လား အဲကွန်းအရှိန်ကြောင့်လားမသိ အခန်းထဲမှာ အအေးဓာတ်က သာမန်ထက်ကို ပိုနေသယောင်ရှိလေသည်။
ခပ်ဖြေးဖြေးချင်းပွင့်လာတဲ့မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လိုက်ပြီး အိပ်နေရာကမထဖြစ်။ဦးခေါင်းကို အနည်းငယ်စောင်းကာကြည့်လိုက်တော့ သူ့ရဲ့လက်ဝဲဘက်ခြမ်းမှာ အိပ်နေဆဲလူသားတစ်ဦး။
ထိုလူသားက သူ့ဘက်ကိုလှည့်ကာ အိပ်နေလျက်ရှိသည်ကို အခွင့်ကောင်းယူလိုက်ပြီး အဝတ်မဲ့နေတဲ့ရင်ခွင်ကြီးထဲကို အတင်းတိုးဝင်ပစ်လိုက်သည်။
ထို့နောက် အားပါးတရအိပ်ပျော်နေဆဲ လူသားဆီက ကိုယ်သင်းရနံ့လေးကို သူတစ်ဦးတည်းရဲ့မူပိုင်သဖွယ် ရှူရှိုက်လိုက်မိသည်။ နွေးနေတာပဲ ဒီရင်ခွင်ကြီးက။
ရင်ဘတ်ချင်းထိကပ်နေခဲ့တာကြောင့် ကျေနပ်ခြင်းတစ်မျိုးက သူ့နှုတ်ခမ်းထက်ဆီမှာ အပြုံးတစ်ချို့ကို ကြဲချလိုက်သည်။ သူဟာ ဒီလူသားရဲ့ဘေးမှာ အမြဲရှိနေရတော့မှာလား။
ပျော်ရွှင်ခြင်းကို စတင်ခံစားမိတဲ့နောက်မှာ ယမန်နေ့ညက အဖြစ်အပျက်ကိုတွေးကာ နှုတ်ခမ်းလေးကို အကြောင်းမရှိစွာပဲ ဖိကိုက်မိပြန်သည်။ ဘာပဲဖြစ်ဖြစ် သူ့ဘက်ကချစ်နေတာမို့ ဒီချစ်တင်းနှောမှုက အသက်ဝင်တယ်လို့ပဲ တစ်ယူသန်ကောက်ချက်ချလိုက်သည်။
"ဖယ်ဦး"
သူဘယ်လောက်တောင် ဖျစ်ညှစ်ကာတိုးဝင်ဖက်ထားမိလဲမသိပါ။ နားနားလေးကပ်ကာပြောလိုက်တဲ့အသံကြားမှ အသိဝင်ကာ မျက်လွှာလေးချလျက် နောက်ကိုပြန်ဆုတ်လိုက်သည်။
အချိန်တစ်ခုကြာတဲ့အထိ ထိုအတိုင်းသာမလှုပ်မရှား အိပ်နေမြဲတိုင်းနေလိုက်သည်။ ပတ်ဝန်းကျင်က ရုတ်ချည်းအိုက်စပ်စပ်ဖြစ်လာသလိုပဲ။
BẠN ĐANG ĐỌC
❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞
Fanfictionကြိုးတွေကို သဘောမကျဘူး အလားတူစွာပဲ ခင်ဗျားကိုလည်းကျွန်တော်သဘောမကျဘူး ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ကိုတစ်နည်းမဟုတ်တစ်နည်းရစ်ပတ်နေတဲ့ ကြိုးတစ်စမို့ 30/4/2018 I write this "Kyoe Ka Lay" Fiction to appreciate PARK JIMIN,in other words, JIMIN'...