ကြိုးက​လေး ၂၀

20K 1.9K 204
                                    

အပိုင်း ၂၀

"​ဟိုမှာ​အေးရင်​ အ​နွေးထည်​ဝတ်​ဖို့ မ​မေ့နဲ့ဦး​နော်​။ ဒီဘက်​ခြမ်းမှာ ထည့်​ပေးထားတယ်"

ကြမ်းပြင်​ပေါ်ထိုင်​ကာ ရှိသမျှအဝတ်​ဗီရို​တွေလည်းဖွင့်​ထားလျက်​ သူ့ခရီးအတွက်​ အဝတ်​အိတ်​ပြင်​ပေး​နေ​သော Jimin။

"​နောက်​ပြီး အတွင်းခံ​တွေ​ရော အလုံအ​လောက်​ပါလား?"

"​မပါလဲ​နေပါ​စေ။ မဝတ်​ဘူး"

ဒါ သက်​သက်​ကို စလိုက်​ခြင်း။ ထိုလူသားကို စ,ပြီးတာနဲ့ အလိုလိုသ​ဘောကျစွာ ပြုံးလိုက်​မိသည်​။ အဝတ်​တွေနဲ့ လုံး​နေတဲ့Jiminကိုကြည့်​လိုက်​တော့ သူ​ပြောတဲ့စကား​ကို စိတ်​မဆိုး​သည့်​အပြင်​ တစ်​ယောက်​တည်း စကား​ပြော​နေပြန်​သည်​။

အနီးအနားက အိပ်​ရာ​ပေါ်ကိုသွားထိုင်​ပြီး ကြမ်းပြင်​ပေါ်ကလူသားကို စိတ်​ရှည်​လက်​ရှည်​ထိုင်​ကြည့်​နေမိသည်​။ ဝတ်​ထားတာက သူ့အင်္ကျီအဖြူကြီးနှင့်​ ညဝတ်​ဘောင်းဘီဖြစ်​နေတာ​ကြောင့်​ အရမ်းကို​သေးငယ်​နေသ​ယောင်​ပေါ်လွင်​လှသည်​။

​လွမ်း​နေမိမလား​သေချာမသိ​ပေမဲ့ တစ်​ယောက်​တည်း​တော့မထားခဲ့ချင်​။ အိတ်​ရဲ့ဇစ်​ကို ဆွဲပိတ်​ပြီးသွားတဲ့​နောက်​မှာ ထိုလူသားလက်​ကိုဆွဲယူကာ​ ပေါင်​ပေါ်တင်​ကာ ထိုင်​စေလိုက်​သည်​။

မျက်​နှာချင်းဆိုင်​ရင်း ရင်​ဘတ်​တွေ နီးစပ်​ပါ​စေ ဆု​တောင်းမိ​နေမလား မ​ပြောတတ်​ပါ။

"တကယ်​အဆင်​ပြေမှာ​သေချာလား?"

"ငါလား? အင်း အဆင်​ပြေပါတယ်​။ သွားစရာရှိတာသာသွားပါ ပြီး​တော့....."

"အင်း ဆက်​ပြော"

"ငါ့ကို လွမ်းမယ်​မဟုတ်​လားဟင်​"

ငုံ့ကျသွားတဲ့ မျက်​ခွံ​တွေ​အောက်​မှာ မတည်​ငြိမ်​တဲ့ မျက်ဝန်းတစ်​စုံရှိ​နေနိုင်​ပါတယ်​။ ထို့အတူ မငြိမ်​သက်​တဲ့ နှလုံးသားတစ်​ခု​ရော။

"အင်း လွမ်း​နေမှာ"

"တကယ်​လား"

​အလိုလို​မော့ကြည့်​လာတဲ့ မျက်​ဝန်း​တွေက တလက်​လက်​နဲ့ လှပလွန်းသည်​။ အ​ဖြေကို​စောင့်​ဆိုင်း​နေတဲ့ မျက်​နက်​စံ​လေးကလည်း ကြည်​တောက်​နေပြန်​သည်​။​ နောက်​ပြီး ထပ်​မံပြည့်​စုံ​အောင်​ဖန်​တီး​ပေးတဲ့ မျက်​တောင်​တိုစိပ်စိပ်တွေ။

❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞Wo Geschichten leben. Entdecke jetzt