ကြိုးက​လေး ၁၅

19.4K 2K 223
                                    

အပိုင်း ၁၅

"Jiminie....ဘယ်​ချိန်​ဆိုင်​ပိတ်​မှာလဲ"

"ပုံမှန်​က​တော့​ လေးနာရီလေ"

"​ပြောချင်​တာက?"

"ဒီ​နေ့​တော့​စော​စောပိတ်​လိုက်​မယ်​။ Order​တွေကလည်းလို​သေး​တော့​လေ"

သူပြုံးပြီး​ပြောလိုက်​တာကို​ ဒေစီ​ပန်း​တွေနားမှာထိုင်​နေတဲ့ဟွန်း​လေးက မျက်​နှာမဲ့ပြသည်​။

"သူ့​ယောကျာ်းအိမ်​ပြန်​ချိန်​အမှီပြန်​တယ်​ဆို ပြန်​တယ်​ပေါ့။ ဘာအလုပ်​ကိုလွှဲချ....."

ဇိုးခနဲဇတ်​ခနဲ​ပြောချလိုက်​တဲ့ ဟွန်း​လေး​ကြောင့်​ ကျောပါ​ကော့တက်​သွားရသည်​။

"မဟုတ်​ပါဘူး ဟွန်း​လေးရာ။ ငါတကယ်​ပြော"

"အာ နားငြီးတယ်​ နားငြီးတယ်​။ မသိဘူးPark Jiminကငါ့လူ"

ယခုချိန်​ထိ သူနဲ့​တွေ့ရင်​က​လေးလိုပြုမူတတ်​တဲ့ ဟွန်း​လေးက​တော့ ထို​င်​နေရာက​နေ လှစ်​ခနဲ​ပြေးထလာပြီး ပန်းခြင်း​လေး​တွေကို အလှဆင်​နေတဲ့သူ့အား​ ပြေးဖက်​လေသည်​။

"ဟာ က​လေးကလားနဲ့ ဟွန်း​လေးရာ"

"မင်း​ယောကျာ်းဆိုရင်​ ပြုံး​နေမှာငါသိပါတယ်​နော်​"

အ​နောက်​နေ အတင်းကာ​ရောဖက်​ထားတဲ့ သူငယ်​ချင်း​ကြောင့်​ ရယ်​ရခက်​ငိုရခက်​အ​ခြေအ​နေ။ ပြီး​တော့ မင်း​ယောကျာ်း မင်း​ယောကျာ်းဆိုပြီး​ပြော​နေတာကိုလည်း တိတ်​တဆိတ်​သ​ဘောကျ​နေမိသည်​။​ သို့​သော်​လည်း သူတို့နှစ်​ယောက်​လုံး ဖြူဖြူစင်​စင်​နဲ့ပဲ ရယ်​မောလိုက်​ကြ​တော့သည်​။

ပန်းဆိုင်​ရဲ့ကောင်တာရှေ့မှာ ဖြစ်​ချင်​တိုင်းဖြစ်​နေတဲ့ လူနှစ်​ယောက်​ကိုကြည့်​ပြီး ဘာမှ​တော့သိပ်​မခံစားရ​လောက်​ဘူးထင်​သော်​လည်း တခုခု​တော့ဖြစ်​သွားသလို။

အူတိုတာ သဝန်​တိုတာ? သွားစမ်းပါ။ ဒါ​တွေက Park Jiminနဲ့ Jeon Jungkookကြားမှာ နာမည်​ခံသက်​သက်​တောင်​ မရှိသင့်​တာမဟုတ်​ဘူးလား။

ကျစ်​ ဒါ​ပေမဲ့ အိမ်​ထောင်​သည်​ဖြစ်​နေတဲ့သူက၊ ကိုယ်​နဲ့တရားဝင်​လက်​ထပ်​ထားတဲ့သူက ဆင်​ခြင်​သင့်​တာ​ပေါ့။ လူ​ရှေ့သူ​ရှေ့ အခုလိုဖြစ်​ပျက်​နေတာကြီးက ယုတ္တိမရှိလိုက်​တာ။

❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞Tempat cerita menjadi hidup. Temukan sekarang