ကြိုးက​လေး ၁၀

18.7K 2.3K 320
                                    

အပိုင်း ၁၀

"မင်း​ပြန်​ရောက်​နေပြီဆို"

"အင်း မာမီ ကျွန်တော်ပြန်​ရောက်​ပြီ"

"ဘယ်​ချိန်​တည်းကလဲ"

"မ​နေ့ကမှ"

တကယ်​တော့ ကိုရီးယား​မြေ​ပေါ်ကို သူပြန်​ရောက်​နေတာ တစ်​ပတ်​နီးပါးရှိ​နေပြီ။ သို့​သော်​လည်း မာမီနဲ့ စကားအ​ချေအတင်​မ​ပြောချင်​တာ​ကြောင့်​ တ​နေ့က​ရောက်​သည်​ဟူ၍ မုသားသုံးကာ​ ပြောလိုက်​မိသည်​။

"အိမ်​ကိုမလာ​တော့ဘူးလား။ မာမီတို့နဲ့​ရော​တွေ့ဖို့အစီအစဉ်​မရှိဘူးဆိုတဲ့သ​ဘောလား"

တစ်​ဖက်​ကမာမီ့ရဲ့အသံက​ ဒေါသသံအနည်းငယ်​စွက်​နေတာ​ကြောင့်​ သက်​ပြင်းယဲ့ယဲ့ကို ချလိုက်​မိသည်​။

"အဲ့လိုမဟုတ်​ပါဘူး။ ဒီည​နေပဲ မာမီတို့ဆီလာခဲ့ပါ့မယ်​"

"​ကောင်းပြီ​လေ။ မင်းကတိကို မင်းမ​မေ့ပါနဲ့ "

တီ ခနဲပြတ်​ကျသွားတဲ့ဖုန်းလိုင်းကို အတန်​ကြာမှနားကခွာလိုက်​ပြီး​ ကောင်း​ကင်​ကြီးကို​ မော့ကြည့်​လိုက်​သည်​။

မိုးရိပ်​နည်းနည်းရှိ​နေသလိုပဲ ရွာချလိုက်​ရင်​တော့ပြဿနာ။ ဘာမိုးစရာတစ်​ခုမှ ပါမလာခဲ့တာမို့ တည်းခိုရာဆီကို မြန်​မြန်​ပြန်​ရန်​ပြင်​လိုက်​သည်​။

ဦး​နှောက်​က ခဏ​နေရင်​ အိမ်​ကိုပြန်​ရ​တော့မယ်​ဆိုတာကို​တွေးလိုက်​မိတာနဲ့အတူ ထိုလူကိုပါပြန်​တွေ့ရ​တော့မယ်​ဆို​တော့ စိတ်​ကပိုရှုပ်​ထွေးသွားရသည်​။

လူ​တွေမသိကြဘူး။ တခါတ​လေ အချစ်​ခံရတဲ့သူက ဘယ်​လောက်​တောင်​မှ ပင်​ပန်းဆင်းရဲရလဲဆိုတာ ခင်​ဗျားတို့နားမလည်​ကြပါဘူး။

နှစ်​ဦးနှစ်​ဖက်​က​ တူညီစွာ​မေတ္တာရှိတာမျိုးမဟုတ်​ရင်​ နှစ်​ဦးလုံးနစ်​နာရတာချည်းပဲ။ အကျိူးမရှိတာ​ရောပဲ။

❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞Where stories live. Discover now