အပိုင်း ၅
"ဟာ ဟျောင်း ဘာလို့နှေးနှေးလေးတွန်းနေတာလဲ။ မြန်မြန်တွန်းလေ"
ခြံထဲကလမ်းလေးပေါ်မှာ စက်ဘီးလေးစီးနေတဲ့ကောင်လေးက သူ့ထက်အသက်အနည်းငယ်ကြီးပုံရသောကောင်လေးအား စက်ဘီးတွန်းရန်ဂဂျီဂဂျောင်ကျနေလေသည်။
"ကုကုကလည်း ဖြေးဖြေးနင်းလေ။ နောက်ကလိုက်ရတာမောတာပေါ့"
"ဟျောင်းက ကျွန်တော့်ကိုတကယ်မချစ်ပါဘူး"
"ဟမ် ဘာဆိုင်လို့လဲ ကုကုရယ်။ ဟျောင်းက မင်းကိုအများကြီးချစ်တာကို"
"အာ့ဆို မြန်မြန်စီးတတ်အောင် နောက်ကတွန်းပေးလေ"
"အင်းပါ ဟျောင်းတွန်းပေးမယ်နော်"
လူကဟောဟဲလိုက်ကာမောနေပေမဲ့ ကလေးငယ်လေး စိတ်ကွက်သွားမှာစိုးတာကြောင့် မရပ်ရဲဘဲ ဆက်တိုက်ဆိုသလို လှည့်ပတ်စီးတဲ့နောက်ကိုအပြေးလိုက်ကာ တွန်းပေးနေရသည်။
တော်သေးလို့ နောက်မှာဘီးတပ်ထားတဲ့ဒေါက်နဲ့မို့သာပဲ နို့မို့သာဆို နေရာမှာတင် အသက်ပျောက်သွားနိုင်သည်။
"ဟျောင်း ပါတယ်နော်"
"အင်း ပါတယ်။ ရှေ့သာကြည့်နင်း"
"ပြီးရော"
သို့သော် ကံမကောင်းစွာပဲ လမ်းလေးပေါ်မှာရှိနေတဲ့ခဲတစ်လုံးကိုတိုက်မိကာ လူကဟပ်ထိုးလဲလေပြီ။ဒူးတွေတော့ ပွန်းပြီထင်ပါရဲ့။
ရှေ့ကိုကြည့်လိုက်တော့ စက်ဘီးနဲ့ကောင်လေးက အနောက်မှာသူဖြစ်ပျက်နေတာကို သိပုံမပေါ်။ထို့ကြောင့် အချိန်မှီဆိုသလို အလျင်အမြန်ပင် ပြန်ထလိုက်ကာ ထိုကောင်လေးနောက်ကို ပြေးလိုက်လိုက်သည်။
ထိုအချိန်တုန်းက စက်ဘီးစီးနေတဲ့ကောင်လေးရဲ့အပြုံးလှလှလေးတွေကိုငေးကာ ကျေနပ်ခဲ့ရဖူးလေသည်။

YOU ARE READING
❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞
Fanfictionကြိုးတွေကို သဘောမကျဘူး အလားတူစွာပဲ ခင်ဗျားကိုလည်းကျွန်တော်သဘောမကျဘူး ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ကိုတစ်နည်းမဟုတ်တစ်နည်းရစ်ပတ်နေတဲ့ ကြိုးတစ်စမို့ 30/4/2018 I write this "Kyoe Ka Lay" Fiction to appreciate PARK JIMIN,in other words, JIMIN'...