အပိုင်း ၁၈
မနက်ခင်းသည် မိုးမှုန်မိုးမွှားလေးတွေနဲ့အတူ မှိုင်းရီနေသည်။ တံစက်မြိတ်ဆီမှ ရေကျသံတတောက်တောက်သည် အိပ်စက်ခြင်းကိုအထောက်အကူပြုနေသည့် သံစဉ်တစ်ခုသဖွယ်။
အိပ်ခန်းတစ်ခုထဲရှိ စောင်အဝါရောင်လေးအောက်မှာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့လူသားနှစ်ဦးရယ် မနက်ခင်းမိုးစက်လေးတွေရယ်က မဆိုင်ပေမဲ့ လိုက်ဖက်နေသယောင်။
များမကြာမီပင် အိပ်မောကျနေတဲ့ လူသားနှစ်ဦးထဲမှ တစ်ဦးက လှုပ်လှုပ်ရှားရှားနဲ့နိုးထလာသည်။ ထို့နောက် ၎င်း၏ရင်ခွင်ထဲမှာ နစ်မြုပ်ကာ အိပ်ပျော်နေဆဲဖြစ်တဲ့ကောင်လေးကို စိုက်ကြည့်နေလေသည်။
Jeon Jimin။
အိပ်ပျော်နေဆဲဖြစ်တာကြောင့် ငြိမ်သက်နေတဲ့ မျက်ခွံဖောင်းဖောင်းနှစ်ခု။ ထိုမျက်ခွံများပေါ် အရိပ်ကျနေတဲ့ အနက်ရောင်ဆံနွယ်စတွေ။
ရင်ခွင်ထဲကလူသားနိုးမလာစေရန် အသက်ကိုခပ်ဖွဖွရှူသွင်းကာ ဆံနွယ်နက်နုနုတို့ကို စိတ်လိုလက်ရဖယ်ရှားပေးနေမိသည်။
မသိစိတ်ကြောင့် သူ့အထိအတွေ့မှာ တွန့်ခနဲတချက်ဖြစ်သွားပေမဲ့ နိုးမသွားလို့တော်ပေသည်။ တဆက်တည်းဆိုသလိုပင် ရင်ခွင်ထဲကိုတရစ်ရစ်နဲ့တိုးဝင်လာပုံက ကလေးငယ်တစ်ယောက်လို။
သူကိုယ်တိုင်လည်း ထိုကောင်လေးကို ရင်ခွင်ထဲမှာ သိမ်းထုပ်ကာ အလိုက်သင့်ဖက်ထားပေးမိသည်။စောင်လွှာအောက်က အဝတ်မပါတဲ့ကောင်လေးရဲ့ ခါးထက်မှာ သူ့လက်တွေရှိနေမယ်ဆိုတာ မမြင်ရလည်း မှန်းဆနိုင်လေသည်။
ထို့နောက် အခြေမကျတဲ့ခေါင်းထဲကအတွေးတွေကို ရပ်လိုက်ကာ ရှန်ပူနံ့သင်းတဲ့ ဆံနွယ်တွေကြားမှာ နှာခေါင်းကိုနှစ်မြုပ်ကာ အိပ်စက်ခြင်းဆီသို့ တဖန်ပြန်လည်အရောက်သွားခဲ့လေသည်။

YOU ARE READING
❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞
Fanfictionကြိုးတွေကို သဘောမကျဘူး အလားတူစွာပဲ ခင်ဗျားကိုလည်းကျွန်တော်သဘောမကျဘူး ခင်ဗျားကိုယ်တိုင်က ကျွန်တော့်ကိုတစ်နည်းမဟုတ်တစ်နည်းရစ်ပတ်နေတဲ့ ကြိုးတစ်စမို့ 30/4/2018 I write this "Kyoe Ka Lay" Fiction to appreciate PARK JIMIN,in other words, JIMIN'...