Anniversary

9.1K 1K 130
                                    

|Unicode|

Anniversary

"ပျော်ရွှင်စရာ နှစ်နှစ်ပြည့်မင်္ဂလာနေ့လေးပါ ဟျောင်း"

မမေ့မလျော့ပြောလိုက်တဲ့ Jungkookရဲ့စကားလေးကြောင့် ပြုံးလိုက်မိသည်။ နွေဦးသည် တဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီ။ ထို့အတူ သူတို့နှစ်ဦးရဲ့ မင်္ဂလာနှစ်ပတ်လည်လေးသည်လည်း ပထမဆုံးအကြိမ်ကို ရောက်ရှိခဲ့လေပြီ။

အရာရာကို ပြန်လည်ပြောင်းလဲဖို့ ဆန္ဒရှိသည့် Jungkookက အိမ်ကအစ အသစ်ပြောင်းကာ နေထိုင်စေပြီး သူ့အတွက် ပန်းဆိုင်လေးကိုပါ တွဲလျက်သား ဖွင့်ထားစေသည်။ အကြောင်းရင်းက သူ့အား စိတ်မချလို့ပါတဲ့လေ။

"ကျေးဇူးပါ"

ပွေ့ဖက်လာတဲ့ Jungkookရဲ့လက်တွေထဲမှာ သူ့ကိုယ်လုံးလေးက နစ်မြှုပ်သွားကာ ရင်ခွင်ကျယ်ကြီးထံမှာ ပါးအပ်လိုက်သည်။

"သမီးရော"

"မာမီတို့ ထိန်းပေးနေတယ်"

"အင်း ကောင်းတာပေါ့"

ရင်ခွင်ထဲမှ ပြန်လည်ရုန်းထွက်လိုက်ပြီး Jungkookရဲ့ မေးဖျားလေးကို ဖျတ်ခနဲပင် လှမ်းနမ်းလိုက်သည်။ ထိုအခါ Jungkookကလည်း အားကျမခံပင် မျက်နှာရှိရာ ငုံ့မိုးလာရင်း သူ့ကိုပြန်လည်နမ်းရှုံ့တော့သည်။

"အာ Jungkook တော်တော့"

လည်ပင်းအထိ ဆင်းချသွားတဲ့ နှုတ်ခမ်းတွေကြောင့် အနည်းငယ် ယားချင်သလို ဖြစ်သွားကာ တားမြစ်လိုက်သည်။ သို့သော် စကားနားမထောင်တတ်သူကတော့ လျစ်လျူရှုကာ ဆက်လက်ပြီး အကြင်နာတွေ ခြွေမြဲပင်။ ထို့နောက် အတန်ကြာတော့မှ နှုတ်ခမ်းတွေကို ခွာပေးလေသည်။

"အလုပ်မသွားသေးဘူးလား"

"ခွင့်ယူထားတယ်"

"တကယ်​ကြီးလား"

ပန်းဆိုင်သေးသေးလေးထဲမှာ သူသွားရာနောက်ကို တကောက်ကောက်လိုက်နေသည့် ကြောင်ကလေးနှင့်တူသည့် သူ့ခင်ပွန်းက ခေါင်းကို ဆက်တိုက်ငြိမ့်ပြသည်။

"ဟျောင်းနဲ့တူတူဒိတ်မလို့"

"ဒါများ အလုပ်သွားလိုက်လည်း ရနေတာပဲကို။ ညနေကျမှ စားသောက်ဆိုင်တစ်ခုခုသွားလည်း အဆင်ပြေတာပဲ။ ငါ့အတွက်နဲ့ အချိန်ကုန်အောင်လို့"

❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞Dove le storie prendono vita. Scoprilo ora