ကြိုးက​လေး ၁၁

19.2K 2K 163
                                    

အပိုင်း ၁၁

"ခင်​ဗျားကို ခိုး​ပြေးလာတာ"

"ဟင်​"

ကြားလိုက်​ရတဲ့ ကိုယ့်​နား​တွေပင်​ကိုယ်​မယုံနိုင်​လောက်​အောင်​ ဖြစ်​သွားရသည်​။"ခိုး​ပြေးလာတာတဲ့" မဖြစ်​နိုင်​လိုက်​တာ။ပါးစပ်​လေးဟကာ ဘာမှပြန်​မ​ပြောနိုင်​ဘဲ ကား​ပေါ်လိုက်​ပါလာတဲ့ သူကအရူးက​လေးတစ်​ယောက်​နဲ့မခြား​တော့။

"Jungkook ဒါ​နောက်​စရာမဟုတ်​ဘူး ငါ့ကိုပြန်​ပို့​ပေးပါ"

သူ့စကားကို တစ်​ခွန်းမှပင်​အ​ရေးမလုပ်​ဘဲ ကားကိုသာ​မောင်း​နေတဲ့လူကိုကြည့်​ပြီး နားမလည်နိုင်ခြင်းများစွာနှင့်အတူ လူကဦး​နှောက်​တွေပါ​ချောင်​လုလု။

"Jungkook ..."

"နားငြီးတယ်​ ငြိမ်​ငြိမ်​နေ!"

ပိတ်​အော်​ခံလိုက်​ရ​တာ​ကြောင့်​ ပွင့်​ချင်​ချင်​ဖြစ်​နေတဲ့နှုတ်​ခမ်း​လေး​တွေ ပြန်​စေ့သွားရသည်​။အခုဖြစ်​နေတာက ပျော်ရမှာလား နောက်ပြီးတော့ ပျော်ရောပျော်သင့်ရဲ့လား။

ထပ်​အော်​မှာစိုးတာ​ကြောင့်​ နောက်​ဆုံးဘာမှမ​ပြော​တော့ဘဲ​ အနည်းငယ်​ကြီးကာပုံကျ​နေတဲ့ ဆေးရုံအင်္ကျီရဲ့ လက်​ဖျား​တွေကိုဆွဲစုပ်​ရင်း ငြိမ်​ငြိမ်​လေးထိုင်​နေလိုက်​တော့သည်​။သို့​ပေမဲ့ နှုတ်​ခမ်း​လေး​တွေက သိချင်​စိတ်​ကြောင့်​ ခပ်​ထော်​ထော်​လေးဖြစ်​နေတာကို သူကိုယ်​တိုင်​မသိလိုက်​။

သွား​နေတဲ့ခရီးက ဘယ်​ဆီကိုဦးတည်​နေမလဲဆိုတာသူမသိ။​သေချာတာက​တော့​ မောင်းလာတာအချိန်​တခုတိုင်​အောင်​ကြာ​နေပြီဆိုတာပါပဲ။ကားမှန်​ပေါ်ကျလာတဲ့ မိုးစက်​လေး​တွေ​ကြောင့်​ မိုးရွာ​တော့မယ်​ဆိုတာ အတပ်​သိလိုက်သည်​။

​ဘေးကလူကိုကြည့်​လိုက်​တော့လည်း သူ့ကိုဖုတ်​လေတဲ့ငါးပိ ရှိတယ်​တောင်​မထင်​တဲ့ဒီဇိုင်းနဲ့ ကားအ​မောင်းမပျက်​။

တခါတခါမျက်​လုံး​တွေက ကားဒတ်​ရှ်​ဘုတ်​ပေါ်က ဖုန်း​လေးဆီကို​ ရောက်​သွား​သေးသည်​။ဖုန်း​လေးက​တော့ အခုချိန်​တိုင်​အောင်​ မီးလင်း​နေဆဲ။Missed Calls​တွေအများကြီးပဲ​ မေ​မေ​တော့စိတ်​ပူ​နေ​တော့မှာပဲ။

❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞Where stories live. Discover now