ကြိုးက​လေး ၁၆

19.7K 2.3K 175
                                    

အပိုင်း ၁၆

အချစ်​ဆိုတာကို အယုံအကြည်​မရှိဘူး။
ဘာလို့လဲဆို​တော့ ယုံကြည်​မှုကင်းမဲ့​လောက်​အောင်​ ကျီစားခံခဲ့ရတာမို့လို့။

မနက်​ရောက်​ပြီဆိုတဲ့အသိနဲ့ မျက်​လုံး​တွေက လှုပ်​ရှားပွင့်​အာလာခဲ့​သော်​လည်း ခန္ဓာကိုယ်​က​တော့ စိတ်​အလိုကိုမလိုက်​ဘဲ ကုတင်​ပေါ်ကမ​ရွေ့မိ။

​ရေချိူးခန်းဆီက​ရေကျသံသဲ့သဲ့ကိုကြား​တော့မှ  ထိုလူသား​ရေချိုးခန်းသုံး​နေသည်​ဆိုတာကို  သတိပြုမိသည်​။ သူ့နံ​ဘေးက အိပ်​ရာအလွတ်​ကို​ ခေတ္တ​မေ့​လျော့သွားခဲ့ခြင်း။

ပက်​လက်​လှန်​နေဆဲ ခန္ဓာကိုယ်​ကို​ ဘေး​စောင်းလိုက်​ပြီး ညစဉ်​ညတိုင်း နံ​ဘေးကလူသားအိပ်​စက်​ခဲ့တဲ့ အိပ်​ရာပြင်​ကို အ​တွေးမဲ့စွာစိုက်​ကြည့်​နေမိသည်​။ ထို့​နောက်​ နှာ​ခေါင်းဝဆီကိုပျံ့လွင့်​လာတဲ့ ရနံ့သင်းသင်း​လေးတစ်​ခု။

​ရေချိုးခန်းတံခါးဖွင့်​သံနဲ့​ ခြေသံဖွဖွ​ကြောင့်​ နဂိုပွင့်​နေတဲ့မျက်​လုံး​တွေကို မတုံ့မဆိုင်းဘဲ မှိတ်​ပစ်​လိုက်​ပြီး အသက်​ကိုပုံမှန်​ရှူကာ အိပ်​ယောင်​ဆောင်​နေလိုက်​သည်​။

​စောနကရထားတဲ့ ရနံ့သင်းသင်းတစ်​ခုက ပိုလို့ပင်​ပီပြင်​လာခဲ့ခြင်းက ထိုလူသားက ကိုယ့်​ဆီသို့ချဉ်းကပ်လာခြင်း​ကြောင့်​ပင်​။ မိမိသည်​ ပြင်းရှရှနှင့်​ ဆွဲ​ဆောင်​မှုအား​ကောင်း​သောရနံ့ရှိသည့်​ အသုံးအ​ဆောင်​တို့ကို အသုံးပြု​သော်​လည်း ထိုလူသားက​တော့ ချိုမြိန်​သည်​ဟုထင်​ရသည့်​ သင်းပျံ့ပျံ့ရနံ့မျိုးသာသုံးသည်​ဟု ယူဆမိသည်​။

အချိန်​တခုကြာသွားသည်​အထိ မိမိအားစိုက်​ကြည့်​နေပုံရ​သောလူကို မသိစိတ်​နဲ့ပင်​ ပုံဖမ်းကြည့်​နိုင်​လေသည်​။ ယခုပုံစံအတိုင်းသာဆို ကိုယ်​မထမချင်း ထိုလူသားက စိုက်​ကြည့်​နေမည်​ဖြစ်​တာ​ကြောင့်​ မျက်​လုံး​တွေကိုဖွင့်​ပစ်​လိုက်​သည်​။

ထင်​ထားသည့်​အတိုင်းပင်​ မိမိအား တစိမ့်​စိမ့်​ကြည့်​နေသူက​ ရှေ့တည့်​တည့်​မှာရှိ​နေသည်​။ ရုတ်​တရက်​ပွင့်​လာတဲ့ မျက်​ဝန်းအစုံရဲ့အကြည့်​တွေကြားမှာ ထိုလူသားက​တော့ မျက်​လုံး​လေးပြူး နှုတ်​ခမ်း​လေးတွေပွင့်​ဟလျက်​ ရှိ​သွားလေသည်​။

❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞Unde poveștirile trăiesc. Descoperă acum