ကြိုးက​လေး ၈

16.4K 1.9K 252
                                    

အပိုင်း ၈

သတိရခြင်း။
သတိရခြင်းဆိုတာ တချိန်​ကပြုခဲ့ဖူးတဲ့အမှတ်​တရလို့မမည်​တဲ့ အရာ​လေး​တွေကို​တွေးလိုက်​မိခြင်းမျိုးလား။

တမ်းတခြင်း။
တမ်းတခြင်းဆိုတာ မချစ်​ပါဘူးဆိုပြီး အတန်​တန်​ပြောခဲ့ဖူးသူကိုမှ အကန့်​အသတ်​မရှိ အရာရာတိုင်းမှာ​ နေ​ရာ​ပေး​နေမိတာမျိုးလား။

ဒါဆို လွမ်းဆွတ်​ခြင်းဆိုတာက​ရော?

ဟိုးအရင်​က​လေးဘဝမှာ မြတ်​နိုးတန်​ဖိုးထားရတဲ့ အရုပ်​က​လေး​ပျောက်​သွားသလို။

ငယ်​ငယ်​က ကြာရှည်​ထိုင်​ခဲ့ဖူးတဲ့ ခုံအကျိုး​လေးကို တွယ်​တာ​နေမိသလို။

အဖိုးအခကြီးသည်​ဖြစ်​စေ နည်းသည်​ဖြစ်​စေ အချိန်​တွေကြာရင်​တော့ သံ​ယောဇဉ်​ရှိ​လာလောက်​ပါရဲ့ဆိုပြီး​မျှော်​လင့်​ခဲ့မိတာ။

အ​ရောင်​ရင့်​ရင့်​အလွမ်း​တွေက​တော့ သူမရှိ​တော့တဲ့ ကမ္ဘာ​ငယ်​လေးမှာ​နေ့တိုင်းမုန်​တိုင်းထန်​စေခဲ့တယ်​။

သူ ပြန်​မလာခဲ့ဘူး။ ဘယ်​တော့မှပြန်​မလာဖို့အထိ  ဆုံးဖြတ်​ထားခဲ့တဲ့လူတစ်​ယောက်​ရဲ့စိတ်​ထဲမှာ သူ့အား မည်​မျှ​တောင်​မုန်းတီး​နေခဲ့တာပါလိမ့်​။

သက်​တံ့​လေး​တွေ အ​ရောင်​မစုံ​တော့ဘူး အဲ့ဒါ မင်းမရှိလို့။

တိမ်​တွေ မဖြူ​တော့သလိုပဲ အဲ့ဒါ မင်းမရှိလို့။

ကြယ်​လေးတွေ​ မှေးမှိန်​နေပြန်​ပြီ။ အဲ့ဒါ မင်းမရှိလို့။

​ဟော ငါငို​နေမိပြန်​ပြီ။  အဲ့ဒါလည်း မင်းမရှိလို့။

တ​နေ့​တော့ ပြန်​လာခဲ့မယ်​မလား။ ဒီလူကတော့ ကိုးကွယ်​ရာတစ်​ခုအ​နေနဲ့ မင်းပြန်​လာမဲ့အချိန်​ကို​သေသည်​အထိ​ စောင့်​နေပါဦးမယ်​။ နောက်ပြီး မမြင်​နိုင်​တဲ့ ကြိုးကု​ဋေကဋာက​လည်း သေချာ​ပေါက်​မင်းဆီ​သွား​နေမှာ။

ဒီ​နေ့နဲ့ဆို Jungkook သူ့အ​ဝေးကိုထွက်​သွားခဲ့တာ ရက်​ပေါင်းတစ်​ရာတိတိပြည့်​တဲ့​နေ့။ ပြက္ခဒိန်ကိုတချက်ကြည့်ပြီး အမှတ်ရစိတ်နဲ့အတူ လက်ထဲမှ ဖတ်လက်စ,စာအုပ်လေးကို စားပွဲပေါ်သို့ အသာချလိုက်သည်။

❝𝐊𝐘𝐎𝐄 𝐊𝐀 𝐋𝐀𝐘❞Where stories live. Discover now